Channel Myanmar

Swaroopa Ghosh

Trial Period (2023) 7.1
Trial Period (2023) Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry
movie

Trial Period (2023)

Piku (2015) 7.6
Piku (2015) IMDb Rating (7.6) / Rotten Tomatoes (89%)Deepika Padukone, Amitabh Bachchan နဲ့ Irrfan Khan တို့လို ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်ကတော့ ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒရမ်မာရုပ်ရှင်ဖြစ်ပါတယ်။ မင်းသမီးဒီပီကား အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို အခြားဆုပေါင်းများစွာလဲ ရရှိခဲ့ပါတယ်...ဇာတ်လမ်းကတော့... နားက မကောင်း၊လုပ်ချင်ရာ ဇွတ်လုပ်တတ်တဲ့ ဖခင် မစ္စတာဘာနာဂျီမှာ ပီကူးဆိုတဲ့ ဗိသုကာပညာရှင် ထက်မြက်တဲ့သမီးတစ်ယောက်ရှိပြီး သူမကလဲ အဖေတူသမီးပီပီ အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်တတ်ပါဘူး။ဒါကြောင့်လဲ အဖေနဲ့သမီးဟာ အမြဲလိုလို တကျက်ကျက်နဲ့ ကတောက်ကဆ ဖြစ်နေကျပါ။ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူးတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့ ဘယ်သူမှ ကားအငှားမလိုက်ကြပါဘူး။  ဒါပေမယ့် ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားအငှားလုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာကိုယ်တိုင်  ကားလိုက်မောင်းပေးဖို့ဖြစ်လာရပါတော့တယ် ။ ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် ...
movie

Piku (2015)

Am I Next (2023) 7.4
Am I Next (2023) Am I Next (2023) IMDb 7.3/10ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါအဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ် ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့ မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ် File size…1GB / 500MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 26mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry
movie

Am I Next (2023)

2023
Love Hostel (2022) 5.1
Love Hostel (2022) Love Hostel (2022)Haseen Dillrubaရုပ်ရှင်မှာ တာ့ပ်ဆီးရဲ့ ခင်ပွန်းနေရာကနေသရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာ အတော်လေးကောင်းတဲ့မင်းသားVikrant Masseyရဲ့ ဘောလိဝုဒ်ကားသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မိဘအသိုင်းအဝိုင်းက ပေးစားမယ့်သူနဲ့ စေ့စပ်ပွဲမတိုင်ခင်လေးမှာအိမ်ကနေ ထွက်ပြေးသွားတဲ့ ဂျရိုသီတစ်ယောက်ဟာ သူ့ရဲ့ချစ်သူအာမက်နဲ့ ခိုးရာလိုက်ပြေး လက်ထပ်ခဲ့ကြပါတယ် ဒီလိုခိုးပြေးတဲ့စုံတွဲတွေကိုမိဘများက အတင်းခွဲလို့မရအောင် တရားရုံးက ပို့ပေးတဲ့ Safe House လေးမှာ သူတို့ ဘယ်လိုတွေ နေထိုင်ကြမလဲတစ်ဖက်မှာလည်း ဂျရိုသီရဲ့ အာဏာရှိတဲ့ မိသားစုက မိသားစုဂုဏ်သိက္ခာအတွက်သူတို့ချစ်သူနှစ်ဦးကို ရှင်းပစ်ဖို့ လက်မရွံ့ကြေးစားလူသတ်သမားတစ်ယောက်ငှါးလိုက်ရာက ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ်သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကရောI ဘယ်လိုဖြစ်သွားမလဲ မိသားစုတွေရောကြေးစားလူသတ်သမားကိုရော သူတို့နှစ်ယောက် ဘယ်လိုတွေရင်ဆိုင်ကြမလဲဒီဘာသာခြားအချစ်ကိုရော ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ…ဒီဇာတ်ကားလေးကိုရော ကြည့်ရှုခံစားပေးကြပါဦးနော် File size…1.3GB / 700MB /  Quality…1080p WEB DL / 720p /  Format…mp4 / mkv Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo ...
movie

Love Hostel (2022)

2022