Channel Myanmar

Swathi Das Prabhu

Kadina Kadoramee Andakadaham (2023) 6.6
Kadina Kadoramee Andakadaham (2023) Kadina Kadoramee Andakadaham (2023) IMDb-6.6/10၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p ...
movie

Kadina Kadoramee Andakadaham (2023)

2023
Thallumaala (2022) 7.5
Thallumaala (2022) Thallumaala (2022)IMDb - 7.6 ဒီတစ်ခေါက်တော့ Vaashi ထဲမှာ ရှေ့နေအဖြစ်သရုပ်ဆောင်တဲ့ မာလာရာလမ်မင်းသား တိုဗီနိုသောမတ်စ်နဲ့ Bro Daddy ထဲကမင်းသမီး ကလျာနီ ပရီရာဒါရှန် တိုရဲ့ ၂၀၂၂ နှစ်ထွက် မာလာရာလမ် Action / Comedy ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDB 7.6 မို Rating လေးလည်း မဆိုးလှပါဘူးဒီကားကို ကြည့်တဲ့သူထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတဲ့သူတွေရှိလား။ ရန်ဖြစ်တယ်ဆိုတာ ကလေးဘဝရဲ့အစိတ်အပိုင်းပါပဲလို ပြောကြပါတယ်။ သွေးပူတဲ့အရွယ်၊ တက်ကြွတဲ့အရွယ်မှာ ထစ်ခနဲ စိတ်ထဲရှိတဲ့အတိုင်း ဝုန်းဒိုင်းကြဲကောက်လုပ်မိကြလို ရန်တွေထသတ်ကြရာကနေ ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ ဒီထဲမှာလည်း ဒီလိုပါပဲ။ သူတို့ငါးယောက်က ရန်ဖြစ်ကြရာကနေ သူငယ်ချင်းတွေဖြစ်လာကြတာပါ။အဓိကဇာတ်လိုက်ဖြစ်သူ ဝါဇီက သူ့ရဲ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူ့သူငယ်ချင်းလေးယောက်က ရာဂျီမက်သရူးဆိုသူနဲ့ ရန်စရှိနေကြပြီးတော့ ရာဂျီက ရန်ပွဲကို ရပ်ချင်တာကြောင့် ပြန်ဖြန်ဖြေဖို့ကြိုးစားပေမဲ့လည်း နားလည်မှုတွေလွဲကြပြီးတော့ ဝါဇီရဲ့မင်္ဂလာဆောင်မှာ နောက်ထပ်ရန်ပွဲတစ်ခုပေါ်ပေါက်လာပါတော့တယ်။ ဒီရန်ပွဲကနေပဲ ဝါဇီက အင်တာနက်မှာ ရေပန်းစားတဲ့သူ ဖြစ်သွားခဲ့ပြီး မင်္ဂလာပွဲလည်းပျက်ကာ ...
movie

Thallumaala (2022)

2022