Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Syed Sohel Ryan
4.1
Bootcut Balaraju (2024)
Bootcut Balaraju(2023)သူကြီးသမီးနဲ့ ကိုလူပြက်ဘောလိဝုဒ်အချစ်ဟာသာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Syed Sohel နဲ့ Megha Lekha ၊ Ananya Nagalla တို့ မင်းသမီးချောလေးနှစ်ယောက်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးရယ်မောနိုင်မဲ့ ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်မဟာလက်ရှ်မီးတို့မိသားစုက ကျေးရွာကောင်းစားရေးနဲ့ ကျေးရွာလူတွေအကျိုးအတွက်ပဲ အမြဲဦးစားပေးလုပ်ဆောင်ခဲ့ကြလို့ ရွာကလေးစားချစ်ခင်ကြတဲ့ ရွာလူကြီးမျိုးဆက် ၊ ကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားကြတဲ့ မျိုးဆက် ၊ အဲဒီကတိတစ်လုံးအတွက် အိမ်ထောင်ကိုပါကွာရှင်းပြီး တစ်ယောက်တည်း ရဲရဲရပ်တည်ခဲ့တဲ့မဟာလက်ရှ်မီးရဲ့အမေ ။ဒီမျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ မဟာလက်ရှ်မီးက ငယ်ငယ်လေးတည်းက အားလုံးရဲ့အလေးပေးခံရပြီး တူတူပေါင်းရမဲ့အဖော်မရှိဖြစ်နေချိန် ဘာလ်ရာဂျူးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့တယ် ။ ဘာလ်ရာဂျူးဆိုတာက အရာအားလုံးထက် ဒီနေ့မှာပျော်နေဖို့အရေးကြီးတယ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့သူ...ဘဝကိုအလေးအနက် အများအတွက်ရှင်သန်တတ်တဲ့မိသားစုနဲ့ ပျော်အောင်ကြံဖန်နေတတ်တဲ့ ဘာလ်ရာဂျူးတို့ ဘယ်လိုအလွဲအချော်တွေကြုံတွေ့ရမလဲ ဘာလ်ရာဂျူးတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာဦးမလား အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Bootcut Balaraju (2024)
2023
8.1
Mr. Pregnant
Mr.PregnantIMDb-8/10အခုတစ်ခါမှာတော့ ၄ရက်အတွင်း၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားအသစ်စက်စက်လေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်ဇာတ်လမ်းအကျဉ်းဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ ဒီခေတ်စကားအရဆို crush နေတာပေါ့မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက် မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့ မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့ တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။ အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့ သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာတော့ သန္ဓေသားလေးကို ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ် ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ...(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ...
movie
Mr. Pregnant
2023
8.1
Organic Mama Hybrid Alludu (2023)
Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie
Organic Mama Hybrid Alludu (2023)
2023
7.5
Lucky Lakshman (2022)
Lucky Lakshman (2022)IMDb-7.7/10မင်းသမီးချောလေး Mokksha အဓိကပါ၀င်ထားတဲ့ လူငယ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တစ်လှည့်ခံစားကြည့်ပါဦးချစ်နေချိန်မှာ ချစ်သက်လက်ဆောင်တွေအကြီးအကျယ်ပေးခဲ့ကြသလို မထင်မှတ်ပဲခွဲခွာရတဲ့အချိန်မှာ ရှိခဲ့ဖူးတဲ့အမှတ်တရတွေအားလုံးကို ထိန်းသိမ်းချင်ကြတဲ့သဘာ၀အရ ကော်ဖီဆိုင်ကြီးကို ၀ယ်ချင်နေတဲ့အသည်းကွဲကောင်လေးတစ်ယောက်နဲ့အစပျိုးထားတဲ့ဇာတ်လမ်းပါအလယ်အလတ်မိသားစုကနေမွေးဖွားလာတဲ့ လက်ရှ်မန်ဟာ ငယ်စဉ်တည်းကလိုအင်ဆန္ဒတွေမပြည့်၀မှုကြောင့် ရည်ရွယ်ချက်ကြီးကြီး စာပဲအသည်းအသန်ကြိုးစားနေခဲ့ပါတယ် အထက်တန်းကျောင်းသားဘ၀မှာတင် မိန်းကလေးတစ်ယောက်ကြောင့် ရုံးခန်းရောက်ဖူးတာမို့ တက္ကသိုလ်ထိမိန်းကလေးတွေနဲ့ ဝေးဝေးနေခဲ့သူပါတက္ကသိုလ်ပထမနေ့မှာပဲ စီနီယာတွေအနိုင့်ကျင့်ခိုင်းလို့ ပျိုတိုင်းကြိုက်နှင်းဆီလေး ဆယ်ရာ့ကို ကြောက်ကြောက်နဲ့ ရည်းစားသွားပြောရတဲ့အချိန်မှာ ငယ်စဉ်ကလိုရုံးခန်းရောက်ကျောင်းထုတ်ခံရမှာကြောက်စိတ်တွေပြည့်နေခဲ့တယ်ဆယ်ရာက ထင်ထားသလိုမတုံ့ပြန်တဲ့အပြင် သူ့နဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားပါတော့တယ်အလှပဂေးနဲ့ စာကြမ်းပိုး သူငယ်ချင်းကနေဘယ်လိုအဆင့်တက်သွားသလဲ လက်ရှ်မန်ငယ်ငယ်က အိမ်မက်အတိုင်းအောင်မြင်လာသလား ဇာတ်လမ်းအစကအသည်းကွဲရတဲ့အကြောင်းအရင်းက ဘာများလဲဆိုတာတွေကတော့ ခံစားကြည့်ပါဦး File size…2.75GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni & Khin Khin
movie
Lucky Lakshman (2022)
2022