Channel Myanmar

Sylvain Marcel

Dusk for a Hitman (2023) 6.5
Dusk for a Hitman (2023)  Heartbeats, Avant le crash, Virage - Double Faute, An Eye for Beautyတို့နဲ့ လူသိများတဲ့ Eric Bruneau က main character အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီလိန်နေရာကိုလည်း I Killed My Mother, Lac Mystère, Québec-Montréal, Gabrielleတို့နဲ့ ကျော်ကြားလာတဲ့ Benoît Gouinက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မွန်ထရီးရယ်မှာ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လုပ်ကြံရေးသမား ဒေါ်နယ်လဗွိုင်းရဲ့ဘဝဇာတ်​ကြောင်းကို ficလေးတွေနဲ့ရောပြီး ကြည့်လို့ကောင်းအောင် တင်ဆက်ပေးထားပါတယ်။ လု့ဒ်ဒူဘွားကတော့ ရဲတွေတောင် မဖမ်းနိုင်တဲ့ နယ်မြေပေါင်းများစွာပိုင်ဆိုင်တဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒေါ်နယ်က လု့ဒ်ဒူဘွားရဲ့သစ္စာခံ လုပ်ကြံရေးသမားလေးပါ။ လု့ဒ်အတွက်ဆို ဒေါ်နယ်က ၂ခါတောင် ပြန်မစဥ်းစားဘဲ သတ်လေ့သတ်ထရှိသူပါ။ ဒါပေမယ့် တစ်ခုရှိသွားတာက ဒေါ်နယ်မှာ ကာလ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။အဲညီက ...
movie

Dusk for a Hitman (2023)

Days of Happiness (2023) 6.8
Days of Happiness (2023) Days of Happiness (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ ...
movie

Days of Happiness (2023)

2023
Aline (2022) 6.5
Aline (2022) Aline (2020)" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။" ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " ...
movie

Aline (2022)

2022