Channel Myanmar

Taegen Burns

Imaginary (2024)
Imaginary (2024)  လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.3 GB)/(674 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Imaginary (2024)

Blue Ridge(2020) 6.0
Blue Ridge(2020) Blue Ridge(2020)အညွှန်း***********************Blue Ridgeဆိုတဲ့တိတ်ဆိတ်ငြိမ်းချမ်းတဲ့မြို့လေးတစ်မြို့ကို ရဲမှူးအသစ်တစ်ယောက်ပြောင်းလာပါတယ်....ရဲမှူးပဲကံဆိုးလေသလား... ပြောင်းရွှေ့လာပြီးသိပ်မကြာခင်မှာပဲ မြို့မှာတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ထူးဆန်းတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်...ရဲမှူးအတွက် စိန်ခေါ်မှုအသစ်ဆိုပေမဲ့ သူ့မှာရှိတဲ့အတွေ့အြကုံတွေပေါင်းစပ်ပြီးထူးဆန်းတဲ့လူသတ်မှုတွေကို ဖောက်ထုတ်ဖို့ကြိုးစားပါတော့တယ်...ရဲမှူးကျော်ဖြတ်နိုင်ပါ့မလား..ဘယ်လိုအင်အားကြီးအဖွဲ့အစည်းတွေကပြုလုပ်နေတာလဲ....ဘယ်လိုအခက်အခဲအတားအဆီးတွေစောင့်ကြိုနေမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ...File Size :(881 MB) and (300 MB) Quality : WEB-DL  720p Format…mp4 Duration…01:44:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Blue Ridge(2020)

2020
I Can Only Imagine (2018) 7.6
I Can Only Imagine (2018) IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart ...
movie

I Can Only Imagine (2018)

2018