Channel Myanmar

Takanori Iwata

The Hound of the Baskervilles: Sherlock the Movie (2022) 6.2
The Hound of the Baskervilles: Sherlock the Movie (2022) The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie

The Hound of the Baskervilles: Sherlock the Movie (2022)

2022
Once Upon a Crime (2023) 5.2
Once Upon a Crime (2023) Once Upon A Crime (2023)ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Khaing ပဲ ဖြစ်ပါတယ်။Genre..... Adventure, Comedy, Crime Quality…. 1080p | 720p File size…2GB } 966MB Format… mp4 Duration…. 1h 45min Subtitle…. ...
movie

Once Upon a Crime (2023)

2023
Road To High & Low(2016) 6.4
Road To High & Low(2016) High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie

Road To High & Low(2016)

HiGH&LOW: The Red Rain(2016) 6.2
HiGH&LOW: The Red Rain(2016) ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama Subtitle….Myanmar Subtitle ...
movie

HiGH&LOW: The Red Rain(2016)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

HiGH&LOW The Movie 3: Final Mission(2017) 7.2
HiGH&LOW The Movie 3: Final Mission(2017) High & low the Movie 3 - Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ ...
movie

HiGH&LOW The Movie 3: Final Mission(2017)

A True Scary Story: Summer Special Edition (2022)
A True Scary Story: Summer Special Edition (2022) A True Scary Story : Summer Special Edition (2022) ------------------------------------------------------- သရဲကားအရှည်ကြီးတွေထက် သရဲကားအတိုလေးတွေကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တွေ့ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတိုလေးတွေကို ပြန်ပြောပြတဲ့ ဂျပန်အစီအစဥ်ကနေ ကောင်းနိုးရာရာဇာတ်လမ်းတွေကို စုထုတ်ထားတဲ့ကားပါ။ရှိုးကနေ ပြောပြတဲ့ဇာတ်လမ်းတွေကို စုစည်းထားတာမလို့ တစ်ချို့နေရာတွေမှာ အဆက်အစပ်မရှိတဲ့ကြားဖြတ်ဇာတ်လမ်းတွေလည်းပါပေမယ့် စိတ်ရှည်သည်းခံပြီး ကျော်သာကြည့်လိုက်ကြပါလို့။တစ်ခုရှိတာက ဒီကားကသာမန်သရဲကားမဟုတ်ဘဲ ရှိုးကိုပေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းကို ပြောပြနေတာမလို့ Narrator အပေါ်မူတည်ပြီး မတင်မကျဇာတ်သိမ်းတွေ တစ်ချို့ဟာတွေကျ ဘာမှနားမလည်လိုက်သိဘဲ ပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ပါးစပ်ရာဇဝင်သရဲဇာတ်လမ်းတွေနဲ့ အလကားနေဖြဲခြောက်တဲ့သရဲအကြောင်းတွေလည်း အများကြီးပါပေမယ့် အပျင်းပြေကြည့်လို့တော့ရပါတယ်။အညွှနိး နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.43GB | 633MB | 311MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe ...
movie

A True Scary Story: Summer Special Edition (2022)

2022
Lesson in Murder (2022) 6.3
Lesson in Murder (2022) Lesson in Murder (2022)~ IMDb - 6.3/10, MyDramaList - 7.7/10 ~ဂျပန်တွေဟာ မှုခင်း Thriller ကားတွေကို အသက်သွင်းတဲ့နေရာမှာ အာရှရဲ့ ဆရာတစ်ဆူလို့ ဆိုလို့ရပါတယ်။ မနှစ်က အော်စကာရခဲ့တဲ့ ဂျပန်ကားရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိရဲ့ဆရာအရင်း Kiyoshi Kurosawa ရဲ့ မှုခင်းကားတွေဆိုလည်း မာစတာပိစ်လို့ဆိုလို့ရတဲ့အထိ တန်းမြင့်သလို ကူရိုဆာဝါလို လူကိုယ်တိုင်ရိုက်ခဲ့တဲ့ Crime ကားတွေလည်းရှိခဲ့ပါတယ်။ Takeshi Kitano, Sion Sono, Takashi Miike, Tetsuya Nakashima, Shunji Iwai နဲ့ Hirokazu Kore-eda တို့လို လူတွေရိုက်ခဲ့တဲ့ မှုခင်းကားတွေလည်းရှိပြီး ရိုက်သမျှအကုန်ကောင်းတဲ့ ဘဲတွေရိုက်ထားတဲ့ မာစတာပိစ်တွေလည်း မနည်းပါဘူး။ဒီတစ်ခါရုပ်ရှင်ကတော့ အပေါ်ကဒါရိုက်တာတွေရိုက်သလို မာစတာပိစ် မဟုတ်ရင်တောင် တော်တော်လေးမိုက်တဲ့ ဂျပန် မှုခင်းကားပါပဲ။ စိတ္တဇ ...
movie

Lesson in Murder (2022)

2022
The Master Plan (2021) 7.2
The Master Plan (2021) မိဘမဲ့ ငယ်သူငယ်ချင်း ကောင်လေး၂ယောက်ရှိလေသည်...မာကိုတိုနဲ့ ကီဒါ.. သူတို့ရဲ့ ကမ္ဘာငယ်လေးထဲကို နောက်ထပ်မိဘမဲ့ ကောင်မလေးတစ်ယောက် ယို့ချီ ဝင်ရောက်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်ကျောင်းပြီးတော့ မင်းသား ၂ယောက်က ကားဝပ်ရှေ့တစ်ခုမှာ အတူဝင်လုပ်ကြတယ် တစ်နေ့မှာ ကားဝပ်ရှော့မှာ ခွေးတိုက်မိလို့ ကားလာပြင်တဲ့ မင်းသမီးချော လီဆာလေးကို မာကိုတိုတစ်ယောက်စွဲလမ်းသွားချိန်မှာတော့... မာကိုတိုတစ်ယောက် ဂုဏ်အဆင့်အတန်း ​ဩဇာ ငွေကြေး အရာရာမှာမိုးနဲ့မြေလို ကွာနေတာမို့ အောက်လမ်းနည်းတွေနဲ့ ကြိုးစားရုန်းကန်ခဲ့တယ်အချစ်ဆုံးသူငယ်ချင်း ကီဒါကလည်း မြေအောက်ဂိုဏ်းဝင်တစ်ယောက် အဖြစ်ခံပြီး မာကိုတိုရဲ့ ခရစ္စမတ် အကြိုညမှာလုပ်မယ့် လက်ထပ်ခွင့်အစီအစဥ်ကြီးကို တစ်စိုက်မတ်မတ် ပါဝင်ကူညီခဲ့တယ် ဆယ်နှစ်ကြာသွားချိန်မှာတော့ စီစဥ်ထားတဲ့ညဟာ ရောက်ရှိလို့လာခဲ့တယ် သူတို့ရဲ့ သူငယ်ချင်းမလေး ယို့ချီဟာ ဘယ်နေရာကိုရောက်နေလဲ ဘာဖြစ်လို့ မာကိုတိုကရော လီဆာကို တန်းတန်းစွဲဖြစ်နေရသလဲဆိုတာ plot twist အကြီးစားလေးနဲ့ ကြည့်ရှုခံစား ကြေကွဲရမှာဖြစ်ပါကြောင်း...ဒီဇာတ်ကားလေးမှာ သူငယ်ချင်းတွေရဲ့ချစ်ခြင်း မေတ္တာနဲ့ ၃ပွင့်ဆိုင် ချစ်ဇာတ်လမ်းလေး ခေါင်းစဉ်အတိုင်း သူငယ်ချင်း၃ယောက်ရဲ့ ကမ္ဘာငယ်လေး ဘယ်ပုံဘယ်နည်းနဲ့ ပျက်သုဉ်းသွားရလဲဆိုတာကို ...
movie

The Master Plan (2021)