Channel Myanmar

Takehiro Hira

Gran Turismo(2023) 7.4
Gran Turismo(2023) Gran Turismo(2023)******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီးအကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကိုတကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ  မယုံကြည့်ခဲ့ပေမဲ့ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ဒါရိုက်တာကတော့ Elysium တို့ District 9 ...
movie

Gran Turismo(2023)

2023
4K HEVC
We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021
Snake Eyes: G.I. Joe Origins (2021) 5.7
Snake Eyes: G.I. Joe Origins (2021) G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ်သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား၊Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ၊သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ၊JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ......စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်Digital ...
movie

Snake Eyes: G.I. Joe Origins (2021)

Lost Girls & Love Hotels (2020) 4.4
Lost Girls & Love Hotels (2020) မာဂရက် (Alexander Daddario) ဆိုတဲ့ ကောင်မလေးကနေ့ဘက်မှာ ဂျပန်လေယာဉ်မယ်သင်တန်းကျောင်းက သင်တန်းသူတွေကိုအင်္ဂလိပ်စာအသံထွက်သင်ပေးပါတယ် ညဘက်မှာဆိုရင်တော့ကောင်လေးတွေနဲ့ပျော်ပါးပြီး သူ့ဘဝရဲ့ဒဏ်ရာတွေကို မေ့ပျောက်ပစ်ဖို့ကြိုးစားနေသူပါမာဂရက်က တစ်ညမှာတော့ စူးရှတဲ့မျက်လုံးတွေနဲ့ယောက်ျားပီသတဲ့ ယာကူဇာ ကဇု (Takehiro Hira)နဲ့ဆုံမိပါတော့တယ်အထီးကျန်နေတဲ့ကောင်မလေးနဲ့ ယာကူဇာ ကဇုတို့ဘယ်လိုချစ်ကြိုးသွယ်ကြမလဲဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်18+ အခန်းတွေပါတာမို့ 18 ယောက်စုပြီးမှ ကြည့်ဖို့အကြံပေးချင်ပါတယ်Covid ကာလဆိုတော့ 18 ယောက်စုပြီးလည်း 6ပေခြားပြီးမှကြည့်ကြပေါ့နော်xD ဒီဇာတ်ကားထဲမှာဆိုရင် သေသင့်တဲ့အပြစ်လုပ်မိတဲ့ယာကူဇာဂိုဏ်းသားတွေကို ကိုယ့်လက်သန်းကိုယ်ဖြတ်ခိုင်းတဲ့ထူးခြားတဲ့ဓလေ့ကိုပါတွေ့ရမှာဖြစ်ပါတယ် File Size : ( 910 MB , 285 MB) Quality : WEB-DL 720p Running Time : 1 hr 37 min Format : Mp4 ...
movie

Lost Girls & Love Hotels (2020)