Channel Myanmar

Takeshi Maeda

The Garden of Words (2013) 7.5
The Garden of Words (2013) The Garden of Words (2013)*****************************          言の葉の庭ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ...တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်...နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်(ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား)ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ ...
movie

The Garden of Words (2013)

2013
The Place Promised in Our Early Days(2004) 7.1
The Place Promised in Our Early Days(2004) The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့  ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့်  သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်...  ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie

The Place Promised in Our Early Days(2004)

2004