Channel Myanmar

Takuma Otoo

Whisper of the Heart (2022) 5.8
Whisper of the Heart (2022) Whisper of the Heart (2022)စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။ တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့.... စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ် သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။ သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်း အိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။ လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။ အိပ်မက်နဲ့လူ ...
movie

Whisper of the Heart (2022)

2022
The Legend And Butterfly(2023) 6.7
The Legend And Butterfly(2023) The Legend And Butterfly(2023)******************************ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းကပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ ..ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ ..ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုကမင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ...တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ ..စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History  ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae
movie

The Legend And Butterfly(2023)

Lesson in Murder (2022) 6.3
Lesson in Murder (2022) Lesson in Murder (2022)~ IMDb - 6.3/10, MyDramaList - 7.7/10 ~ဂျပန်တွေဟာ မှုခင်း Thriller ကားတွေကို အသက်သွင်းတဲ့နေရာမှာ အာရှရဲ့ ဆရာတစ်ဆူလို့ ဆိုလို့ရပါတယ်။ မနှစ်က အော်စကာရခဲ့တဲ့ ဂျပန်ကားရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိရဲ့ဆရာအရင်း Kiyoshi Kurosawa ရဲ့ မှုခင်းကားတွေဆိုလည်း မာစတာပိစ်လို့ဆိုလို့ရတဲ့အထိ တန်းမြင့်သလို ကူရိုဆာဝါလို လူကိုယ်တိုင်ရိုက်ခဲ့တဲ့ Crime ကားတွေလည်းရှိခဲ့ပါတယ်။ Takeshi Kitano, Sion Sono, Takashi Miike, Tetsuya Nakashima, Shunji Iwai နဲ့ Hirokazu Kore-eda တို့လို လူတွေရိုက်ခဲ့တဲ့ မှုခင်းကားတွေလည်းရှိပြီး ရိုက်သမျှအကုန်ကောင်းတဲ့ ဘဲတွေရိုက်ထားတဲ့ မာစတာပိစ်တွေလည်း မနည်းပါဘူး။ဒီတစ်ခါရုပ်ရှင်ကတော့ အပေါ်ကဒါရိုက်တာတွေရိုက်သလို မာစတာပိစ် မဟုတ်ရင်တောင် တော်တော်လေးမိုက်တဲ့ ဂျပန် မှုခင်းကားပါပဲ။ စိတ္တဇ ...
movie

Lesson in Murder (2022)

2022
Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)

The Blood of Wolves ( 2018 ) 7.1
The Blood of Wolves ( 2018 ) ဒီကားလေးကတော့....ဂျပန်နိုင်ငံရဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲကိုတားစီးဖို့ကြိုးစား အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီကားဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီဆု ငါးခုလောက်ကို သိမ်းပိုက်ထားတာပါနော်ဒီကားလေးမှာအကောင်းဆုံး ဇာတ်ကားဆုအပြင် မင်းသားနှစ်လတ်လုံးကလည်း ဆုရသွားကြတာပါယာခူဇာဂိုဏ်းတွေ ကြောက်ရတဲ့ စုံထောက် ဝံပုလွေလို့ လူသိများတဲ့ အိုဂမိဟာဆိုရင်အမှုတစ်ခုမှာ သက်သေရဖို့ဆိုရင် ဥပဒေကို မလိုက်နာဘဲ ရအောင်ယူတတ်တဲ့ စုံထောက်တစ်ယောက်ပါဟီအိုခ ဆိုတဲ့စုံထောက်ကတော့ အမြဲဥပဒေကို လိုက်နာပြီး ရာဇဝတ်သားတွေကို ဖမ်းချင်တဲ့ လူပါအဲလိုမတူညီတဲ့လူနှစ်ယောက်က ပါတနာစုံထောက်အဖြစ် အတူတူအလုပ်လုပ်ရပြီး ခုရဲဟရမြို့မှာ ဖြစ်လာမယ့် ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားကစစ်ပွဲကို တားဆီးကတြဲ့အခါ....ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်အကြမ်းစားဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရှုရမှာပါTranslated & Review By Yamin EiEncoded By LK
movie

The Blood of Wolves ( 2018 )

When Marnie Was There (2014) 7.7
When Marnie Was There (2014) ဇာတ်လမ်းပုံစံလုံးဝမသိပဲကြည့်မှဖီးလ်လို့ကောင်းမယ့်ဂျပန်ကာတွန်းပါ Studio Ghibliရဲ့လက်ရာကောင်းတစ်ခုဖြစ်ပြီး မူရင်းဝတ္ထုကလည်းဆယ်စုနှစ်တစ်ခုရဲ့အကောင်းဆုံးဝတ္ထုတစ်ခုဖြစ်ခဲ့တာမို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် နောက်ခံတေးဂီတပိုင်းမှာဆိုရင်လည်းအပြစ်ပြောစရာမလိုလောက်တောင်ပြီးပြည့်စုံလွန်းနေပြီး ဇာတ်လမ်းထဲစီးဝင်သွားလောက်တဲ့ထိကိုကောင်းမွန်နေပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ် (English dubကိုဘာသာပြန်ထားတာကြောင့်မူရင်းဂျပန်versionတွင်စာကြောင်းအနည်းငယ်ကျန်နေတာမျိုးဖြစ်နိုင်ပါသည်။) File Format - mp4 IMDB rating - 7.7/10 Quality - Blu-ray1080p/Blu-ray480p Running Time - 1h 43min Translated by Dolly Encoded by sithu
movie


2014