Channel Myanmar

Tallie Brinson

Alvin and the Chipmunks: The Squeakquel (2009)
Alvin and the Chipmunks: The Squeakquel (2009) ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက်ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်းထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက်မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့်​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာသွား​နေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်းရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီးအထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီးအ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက်စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေးသုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size…   2.6 ...
movie

Alvin and the Chipmunks: The Squeakquel (2009)

2009
Candy Cane Lane (2023)
Candy Cane Lane (2023)  Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie

Candy Cane Lane (2023)

Endless Love (2014) 6.2
Endless Love (2014) Endless Love (2014)~ IMDb rating - 6.2/10 ~ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်‌ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်း‌ဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ"အန်း"နဲ့ အစ်ကို"ကိ့သ်"တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ... တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ... မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ ...
movie

Endless Love (2014)

2014
Camp Rock 2: The Final Jam (2010) 5.2
Camp Rock 2: The Final Jam (2010) Camp Rock 2: The Final Jam (2010) IMDb - 5.2/10_____Rotten - 63%  ဒီတခေါက်ကတော့ လူငယ်တွေနဲ့Music အခြေခံဇာတ်ကားလေးပဲ ဖြစ်ပါတယ် Frozen ရဲ့ ဇာတ်ဝင်တေးLet it Go ကို သီဆိုခဲ့တဲ့Demi Lovato, တချိန်က ကောင်မလေးတွေရဲ့အသည်းစွဲ Band တစ်ခုဖြစ်ခဲ့ဖူးတဲ့ Jonas Brothers တွေဖြစ်ကြတဲ့ Nick, Joe နဲ့ Kevin Jonas တို့ ပါဝင်ထားကြတဲ့ Musical ကားလေးတစ်ခုပါ အဆိုတော်တွေရဲ့ ငယ်စဉ်ဘဝက ရိုက်ကူးခဲ့တဲ့ဒီကားလေးမှာ လူငယ်တွေရဲ့သဘာဝ Camp သွားကြတာ မီးပုံပွဲတွေလုပ်ကြပြီး သီချင်းတွေဆိုကြမယ် ပျော်ကြပါးကြတဲ့ပုံစံမျိုး ရိုက်ကူးထားပါတယ် နွေရာသီ အားလပ်ရက်တိုင်းပုံမှန် Camp သွားကြတဲ့ Demi Lovato နဲ့သူငယ်ချင်း မိသားစုတသိုက် နောက်ထပ်Camp အဖွဲ့တွေနဲ့တွေ့ကြပြီး သီချင်းဆိုကြရင်းအပြိုင်အဆိုင်လေးတွေနဲ့ တကယ်ကိုကြည့်လို့ ကောင်းတဲ့ကားလေးပါပဲ  IMDB Rating 5.2 ရရှိထားပါတယ်   (အညွန်းရေးသူကတော့ ခင်ချယ်ရီနှင်းပဲ ဖြစ်ပါတယ်)    File Size         ...
movie

Camp Rock 2: The Final Jam (2010)

2010