Channel Myanmar

Tang Xin

The Mystery of Jade ( 2024 ) 5.8
The Mystery of Jade ( 2024 ) မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Mystery of Jade ( 2024 )

Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )

Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

The Tai Chi Master (2022)
The Tai Chi Master (2022) The Tai Chi Master (2022)ဒီတစ်ခေါက်မှာတော့ သိုင်းလောကရဲ့ နောက်ကြောင်းကို ပြန်သွားပြီး ကျင့်စရာ သိုင်းအသစ်တွေနဲ့ ဝူတန်းဂိုဏ်းချုပ်ကြီး ငယ်ဘ၀ကို ပြန်ရှု့စားလိုက်ရအောင်ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ..... ဝူတန်းဂိုဏ်းဆိုတာ ဖြစ်မလာသေးခင် ကျန်းကျွင်းပေါင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဝူးကျိဂိုဏ်းရဲ့ အားထားရတဲ့ သိုင်းပညာရှင်လေးပေါ့။ သူဟာ သိုင်းလောကမှာ အထက်လမ်းသိုင်းပညာ အောက်လမ်းသိုင်းပညာဆိုတာမရှိ လူ့အကျင့်ပေါ်မှာပဲ သိုင်းပညာဟာ မူတည်တယ်လို့ ခံယူထားတဲ့ လူပျော်တစ်ယောက်ပေါ့။ အောက်လမ်းသိုင်းလောကရဲ့ဘုရင်ကို သိုင်းဂိုဏ်းကြီးတွေပေါင်းပြီး ဝူးကျိ ရဲ့မြေအောက်ခန်းမှာ ဖမ်းထားချိန်မှာ တစုန့်ပြည်ကို "ဒီ" တိုင်းပြည်က ကျူးကျော်လာချိန် သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ကျန်းကျွင်းပေါင်တစ်ယောက် လောကဓံကို ဘယ်လိုခံရမယ်။ ဝူတန်းဂိုဏ်းကရော ဘယ်လိုဖြစ်ပေါ်လာတယ် စတဲ့ သိုင်းလောကကြီးအကြောင်း ကို လှလှပပ ရိုက်ကူးထားပြီး အတွင်းအားထက် သိုင်းကွက်ပိုပါတာမို့ သိုင်းလောကသားတွေ စိတ်၀င်စားမယ့် သိုင်းကားတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးချင်ပါတယ်။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီး ...
movie

The Tai Chi Master (2022)