Channel Myanmar

Tara Warren

Women (2021)
Women (2021) ဒီတစ်ခေါက်တော့ မိန်းကလေးတွေကိုအဓ္ဓမဖမ်းဆီးချုပ်နှောင်တဲ့အကြောင်းရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးမယ်ဗျာ။ ဇာတ်ကားနာမည်ကတော့ Womenလို့ခေါ်ပြီး သူက 2021မှာထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းကတော့ သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းကိုရှာတွေ့မိရာကနေ စပါတယ်။ဒီလိုနဲ့ အမှုကိုစုံစမ်းစစ်ဆေးသူဖြစ်တဲ့ စုံထောက်ဟော့ခ်ဟာဒီနားပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးပျောက်ဆုံးတဲ့အမှုတွေဖြစ်ခဲ့ဖူးတာကို သတိထားမိပြီး သဲလွန်စရှာပါတော့တယ်။တိုက်ဆိုင်စွာနဲ့ပဲ ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေဟာစာသင်တဲ့ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရက်ဒ်လီဂီလ်မိုးရဲ့ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတာကိုဟော့ခ်သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဓိကသံသယရှိသူဖြစ်လာတဲ့ ဘရက်ဒ်လီကိုချည်းကပ်ဖို့ကြံရပါတော့တယ်။ဒီမိန်းကလေးတွေကိုရော ဘာရည်ရွယ်ချက်နဲ့ ဖမ်းနေတာလဲ၊ တရားခံကရောဘရက်ဒ်လီဟုတ်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။မှုခင်းစုံထောက်ကားကြိုက်သူတွေနဲ့လျှို့ဝှက်သည်းဖိုကြိုက်တတ်သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ။ File size…    1.6 GB /  566 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato
movie

Women (2021)

Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC