Channel Myanmar

Ted Atherton

Standoff (2016) 6.1
Standoff (2016)  The Matrixထဲက မောဘီးယပ်စ်ကြီး Laurence Fishburneနဲ့ actionမင်းသားကြီးThomas Janeတို့ အဓိကပါဝင်သရုပ်ထားပြီးလူဆိုးနဲ့လူကောင်းနှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်တာကိုတွေ့ရမယ်ဇာက်ကားကောင်းလေးပါ...။ ဇာတ်လမ်းအကြောင်းကတော့ လူသူဝေးတဲ့ တောအရပ်ကအိမ်လေးတစ်လုံးမှာပဲဇာတ်လမ်းတည်ထားပါတယ်...။အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကြား၊ သူသေကိုယ်သေ အကုန်ချရင်းပြီး ကစားရတဲ့ပွဲပေါ့...။အောက်ထပ်မှာက ကြေးစားလူသတ်သမား...။ သူ့ရည်ရွယ်ချက်က အိမ်အပေါ်ထပ်ကကောင်မလေးကို သတ်ချင်တာ...သတ်မှဖြစ်မယ့်အကြောင်းအရင်းကလည်း သူ့မျက်နှာကို မြင်သွားလို့...။ဒါပေမဲ့ သူကြမ်းချင်တိုင်း တက်ကြမ်းလို့မရအောင် ကောင်မလေးကိုကာကွယ်ပေးနေတဲ့သူတစ်ယောက်ရှိနေပါတယ်...။သူကတော့ အိမ်အပေါ်ထပ်မှာစောင့်ပြီး ကောင်မလေးကို ကာကွယ်ပေးနေတဲ့ စစ်ပြန်ကြီးပါပဲ....။ဇာတ်လမ်းplotရဲ့ မိုက်တဲ့အချက်က ဒီစစ်ပြန်ကြီးဟာ ကြေးစားလူသတ်သမားကိုကျည်တစ်တောင့်တည်းနဲ့ စိတ်ဓာတ်ဗျူဟာခင်းပြီး တစ်ကားလုံးရင်ဆိုင်တာပါပဲ...။အများကြီးမညွှန်းတော့ပါဘူး...အက်ရှင်ခန်းတွေ၊ cgiတွေ ဘာမှမပါဘဲ သိပ်ကြည့်လို့ကောင်းတဲ့Crimeကားမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ကားပါ...။ File size…933MB / 381MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Standoff (2016)

The Fight Machine (2022) 6.1
The Fight Machine (2022) ဒီတစ်ခါတော့ Boxing ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Boxing ဆိုတဲ့အတိုင်း အတိုက်အခိုက် အသတ်အပုတ် Scene တွေအမိုက်စားနဲ့ဇာတ်ကားတစ်ကားပါ Boxing သမားတစ်ယောက်ဖြစ်လာဖို့ မလွယ်သလို Fighter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့မလွယ်ပါဘူး တရားမဝင်ကြေးစား လက်ဗလာနဲ့ ထိုးသတ်ကြတယ်ဆိုရင်ရော..........ဇာတ်ကားလေးကတော့ နောက်ခံ Background မတူတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ Boxing ကို ဘယ်လို သဘောထားပြီးတော့ဘဝအတွက် ဘယ်လိုတွေရုန်ကန်ကြသလဲဆိုတာနဲ့ Fighter တွေအဖြစ်နဲ့ ကြိုးဝိုင်းထဲမှာဘယ်လိုတွေ ယှဉ်ပြိုင်သတ်ပုတ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

The Fight Machine (2022)

Max Payne(2008) 6.5
Max Payne(2008) Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Max Payne(2008)