Channel Myanmar

Ted Cruz

Lady Ballers (2023) 6.4
Lady Ballers (2023)  ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola
movie

Lady Ballers (2023)

The Great Hack (2019) 7.1
The Great Hack (2019) IMDb – 7.10 / Rotten tomatoes – 85%ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး …၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေလုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ?ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် …ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ်၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီးလူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ်ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ် ...
movie

The Great Hack (2019)

2019