Channel Myanmar

Teneisha Collins

Gwen Shamblin: Starving for Salvation (2023)
Gwen Shamblin: Starving for Salvation (2023)   ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ........ File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Gwen Shamblin: Starving for Salvation (2023)

To Catch a Killer (2023) 6.6
To Catch a Killer (2023) To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie

To Catch a Killer (2023)

2023
Fatherhood(2021) 6.7
Fatherhood(2021) Fatherhood (2021)ကဲ ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေးထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ်ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကိုဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူးမတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ်ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား......သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ...
movie

Fatherhood(2021)

2021