Channel Myanmar

Terence Bayler

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone 7.6
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone

2001
4K HEVC
Life of Brian (1979) Monty Python’s Life of Brian 8.1
Life of Brian (1979) Monty Python’s Life of Brian IMDb Rating (8.1) / Rotten Tomatoes (95%)ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ...တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ...ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ...ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီးထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီးအဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်...အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ ...သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲအစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲ့မျိုးပါ ..၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက်အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။  File size…(1.5 GB)/ (900 MB) Quality…BluRay 1080p /720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Life of Brian (1979) Monty Python’s Life of Brian