Channel Myanmar

Terence Bridgett

Kite (2014)
Kite (2014)  ဖြူနွဲ့နွဲ့ ကောင်မလေးတစ်ယောက်နဲ့  ယောကျာ်းတစ်ယောက်ဟာအတူတွဲပြီးတော့ တိုက်ခန်းတစ်ခန်းပေါ်ကိုတတ်လာကိုတွေ့လိုက်ရတယ် ..အတူပါလာတဲ့ယောကျာ်းကရိုင်းစိုင်းသလိုကောင်မလေးကလဲ မလိုက်ချင်ပေမယ့် ခေါ်ရာကိုမျက်စိမှိတ်လိုက်လာရတဲ့အနေအထားမျိုးပေါ့..ကောင်မလေးနာမည်က ဆာဝါတဲ့....ချစ်စရာရုပ်လေးနဲ့ ခပ်သေးသေးကိုယ်လုံးပိုင်ရှင်ဒီကောင်မလေးက တကယ်တမ်းကျတော့ သူ့ရဲ့ဘဝပေးကံတရားကမထင်ထားရလောက်အောင်ကိုကြမ်းတမ်းခဲ့တဲ့သူပါ.  သူမရဲ့ငယ်ဘဝကတည်းကရက်စက်စွာအသတ်ခံခဲ့ရတဲ့မိဘနှစ်ပါးအတွက်လက်စားချေတုန့်ပြန်ဖို့ အမြဲ စဉ်စားနေသူပါ..သူမရဲ့  လက်စားချေမဲ့ အစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား.ဘယ်သူက သူ့မိဘတွေကိုသတ်တာလဲ .သူမမိဘတွေကရောဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာရော သူမအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ရုပ်ရှင်တွေတိုင်းမှာ MFလို့ဆဲတာကသူ့ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ Samuel L Jacksonကဆာဝါကိုတစ်ဖက်ကနေကူညီစုံစမ်းပေးနေတဲ့သူနေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်.   File size…1.23GB / 500MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Kite (2014)

From Dusk Till Dawn 3: The Hangman’s Daughter (1999) 4.8
From Dusk Till Dawn 3: The Hangman’s Daughter (1999) ဒီဇာတ်ကားကတော့ ပထမနှစ်ကားရဲ့ မြစ်ဖျားခံရာ အကြောင်းကို ဖော်ထုတ်ပေးတဲ့ ကားပါပဲ။Action,Horror,Crime အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 4.8 ပါ။နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဘုရားမဲ့ဝါဒီ Ambrose Bierce တစ်ယောက်ဒေသခံပုန်ကန်သူခေါင်းဆောင်ထံကိုသွားရင်းတရားဟောဆရာ Newlie နဲ့ သူ့ရဲ့ဇနီးတို့နဲ့အတူခရီးသွားဖြစ်ကြပါတယ်။ကြိုးဆွဲချအသတ်ခံရလုဆဲဆဲအခြေအနေကဓားပြ Madrid တစ်ယောက်သူ့ကိုကြိုးဆွဲချမယ့် ပါးကွက်သားရဲ့အနှိပ်စက်ခံသမီးလေး နဲ့အတူလွတ်မြောက်လာပြီးသူ့ကိုကယ်ခဲ့တဲ့ကလေးတစ်ယောက် Reesce နဲ့အတူ Ambrose တို့ကိုဓားပြတိုက်ခဲ့ရာက အလွဲအမှားတွေဖြစ်ပြီး မရောက်သင့်တဲ့တစ်နေရာကိုရောက်ရှိသွားပါတယ်။သူတို့တွေ အတူလက်တွဲပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအတူရင်ဆိုင်နိုင်မလားဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်ပြန်ရန်ရှာပြီးပဲ သတ်မိကြမလားဆိုတာကတော့... File size…(850MB) Quality…BR-Rip 1080p Format…mp4 Duration….01:33:49 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie

From Dusk Till Dawn 3: The Hangman’s Daughter (1999)

1999