Channel Myanmar

Teresa Mak

White Dragon Horse ( 2022 ) 5.9
White Dragon Horse ( 2022 ) ငယ်ငယ်လေးတုန်းက စွန်းဝူခုန်းရဲ့ အနောက်ဘက်ဆီသို့ ခရီးသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလေးကို ကြားဖူးတယ်မလား? ဒါပေမဲ့ အဲ့ဒီ အနောက်ဘက် အနောက်ပင်လယ်ဆီက ဒဏ္ဍာရီလေးတစ်ပုဒ်ကိုတော့ သိကြမယ်မထင်ပါဘူး ။အနောက်ပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်စုတွေဟာဆိုရင် ကောင်းကင်ဘုံ တရားရုံးတော်ကို ခစားတဲ့အနေနဲ့ အနောက်ပင်လယ်ပြင်ကြီးကို စောင့်ကြပ်ကြရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေဟာဆိုရင် နဂါးတွေကို သူတို့လက်ခုတ်ထဲက ရေလိုသဘောထားပြီး စားသောက်ဖွယ်အနေနဲ့ မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသုံးကြပါတယ် ။အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်သူ အောင်လျဲ့ဟာ ဒီအရာနဲ့ပတ်သတ်ပြီး စိတ်ထဲမှာ လုံးဝကို အခဲမကျေခဲ့ပါဘူး။ အဲဒါကြောင့် နဂါးမျိုးနွယ်စွမ်းအားတွေ ပြန်လည်ဖွဲ့စည်းပြီး နဂါးအသားစားသုံးတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ အောင်လျဲ့တစ်ယောက် သူနဲ့လက်ဆက်ရန် စီစဥ်ထားတဲ့ မင်းသမီးလေး ပိပေါ်ထန်နဲ့ တွေ့ဆုံကာ မြင်မြင်ချင်းချစ်မိသွားပြီး မောက်မာခဲ့တဲ့ နှလုံးသားလေးက အရည်ပျော်ကျသွားရပါတယ် ။ ဒါပေမဲ့လို့ သူချစ်ရတဲ့ ချစ်သူကို ခေါင်းကိုးလုံး မိစ္ဆာဘုရင်က လုယူသွားခဲ့တဲ့အခါမှာတော့...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏အချစ်အတွက်နဲ့ ဒီခေါင်းကိုးလုံး မိစ္ဆာကြီးကို ချေမှုန်းနိုင်ပါ့မလား ❏ သတ်ဖြတ်ချင်းခံနေရတဲ့ သူ့ရဲ့မျိုးနွယ်စုတွေကိုရောသူကယ်တင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာမို့ အခုပဲကြည့်ရှုရအောင်လားရှင် [ Reviewed By Chit ...
movie

White Dragon Horse ( 2022 )

[18+] Fatal Desire (1998)
[18+] Fatal Desire (1998) တောတွင်းစွန့်စားခန်းကို 18+ ဆန်ဆန်ကြည့်ချင်တယ်ဆို ဒီကားလေးရှိပါတယ်နော်။ ဇာတ်လမ်းကရိုးမလိုလိုနဲ့ ဆန်းပါတယ်။ ရှေးဟောင်းမြို့ထဲမှာမြှုပ်ထားတဲ့ ရတနာကို အားကတ်ကရှာချင်တာဖြစ်ပြီး အားကတ်နဲ့အတူတူ တစ်ခြားသူငယ်ချင်းတွေလည်းပါလာကြပါတယ်။အားကတ်ရဲ့အဖေက ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး သူ့အိပ်မက်ဖြစ်တဲ့ရှေးဟောင်းမြို့ကို မရှာနိုင်ခင်မှာပဲ ဆုံးသွားတာဖြစ်ပါတယ်။ အဖေ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဖိလစ်ပိုင်မှာ ရှေးဟောင်းမြို့ကိုလာရှာရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့လည်းတွေ့ရပြီး တောင့်တောင့်ဖြောင့်ဖြောင့် ကိုလူချောဘန်းနဲ့လည်း ခင်မင်ရင်းနှီးခဲ့ရပါတယ်၊သူတို့ငါးယောက် ရတနာရှာပုံတော်ဖွင့်ရင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ဘယ်လိုမျိုး အမှောင်ဇာတ်လမ်းတွေခင်းမလဲဆိုတာကိုတော့ တစ်ယောက်တည်းကြည့်လိုက်ပါတော့နော် ။ ။ File size…2.8GB / 1.4GB Quality…1080p / 720p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtilte(Hard Sub) Encoder….X Cross Translated by Dark V
movie

[18+] Fatal Desire (1998)

Coffin Homes (2021) 5.2
Coffin Homes (2021) Coffin Homes (2021)ဟောင်ကောင်ကားတွေဆိုရင် ပေးချင်တဲ့ messageကို ဘဝအမောပြေအောင် ရယ်စရာလေးတွေနဲ့ ပညာသားပါပါရောစပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ အခုကားလေးကတော့ ဒီလိုရောစပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသား Director ကြီး Fruit Chan ရဲ့ ခေါင်းတလားတိုက်ခန်းများဆိုတဲ့ ကားလေးပါ။‌အိမ်ခြံမြေဈေးတွေ အဆမတန်ထောင်တက်နေတဲ့ ဟောင်ကောင်လိုနေရာမှာ လူတစ်ယောက် ကျောတစ်ခင်းစာနေရာရဖို့အတွက် တိုက်ခန်းအကန့်‌လေးတွေကို ဈေးကြီးပေးပြီး ဝယ်ကြရပါတယ်။ ဒီလိုနဲ့ လူတွေဟာ သက်သာရာရှာရင်း တစ်ကွေ့မှာတော့ နာနာဘာဝတွေနဲ့ ဆုံကြရတော့တာပါပဲ။တိုက်ခန်းပိုင်ရှင်တွေရဲ့ ဈေးကစားမှုတွေ၊ ပေါပေါပဲပဲရနိုင်တဲ့ လူသေထားတဲ့ အခန်းတွေကိုဝယ်၊ အခန်းတွေထဲမှာ အခန်းပိစိတွေကန့်ပြီး ငှားစားကြတဲ့ကြားက အိမ်ငှားတွေနဲ့ အခန်းထဲက မကျွတ်မလွတ်သရဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်ကြမလဲဆိုတာကို အိမ်ခြံမြေအကျိုးဆောင်ဘက်၊ ငှားစားတဲ့အိမ်ရှင်ဘက်နဲ့၊ ဗီလာပိုင်ရှင်မိန်းမကြီးဘက် စတဲ့ ရှုထောင့်သုံးမျိုးကနေကြည့်ရှုရမှာပါ။Far East Flim Festival 2021 မှာ ပြသခွင့်ရတဲ့ Fruit Chan ရဲ့လက်ရာ၊ ဟာသနဲ့ Horror ရောထားတဲ့ ဇာတ်လမ်းလေးကိုကြည့်ပြီး ဟောင်ကောင်လူမှုဝန်းကျင်ကို တစ်ချက်လောက်မြည်းစမ်းကြည့်လိုက်ပါဦးလို့...အညွှန်း နဲ့ ဘာသာပြန်ကတော့ Aegi Xue ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. ...
movie

Coffin Homes (2021)

2021