Channel Myanmar

Terrence Beasor

Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

How Do You Know(2010) 6.7
How Do You Know(2010) How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie

How Do You Know(2010)

A Perfect Ending (2012) 5.9
A Perfect Ending (2012) A Perfect Ending ဇာတ်ကားကတော့2012ခုနှစ်မှာ DirectorးWriter : Nicole Connရိုက်ကူးထားတဲ့ 18+ ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့မင်းသမီး Barbara Niven,Jessica Clark တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အိမ်ထောင်ရေးတစ်ခုမှာအချစ် သံယောဇဉ် သစ္စာတရားတို့က အရေးကြီးသလိုလိင်ကိစ္စကလည်း အနည်းနဲ့အများတော့အရေးပါ ပါတယ်။လိင်ဆက်ဆံသူနှစ်ဦးမှာ တစ်ဦးကသားဆန္ဒပြီးမြောက်ပြီး ကျန်တစ်ဦးက မပြီးမြောက်စေခဲ့တာဟာအချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးဖောက်ပြန်မှု့ကိုအနည်းငယ် လှုံ့ဆော်မှု့ပေးစေပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့အသက်40ကျော်အရွယ် ကလေးများနှင့်အမေဟာသူ့ဘဝသက်တမ်းတစ်လျောက်မှာ တစ်ခါမှတောင်ဆန္ဒမပြီးမြောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် သူဟာ အသက်40 အရွယ်ရောက်တာတောင်ဆန္ဒပြီးမြောက်ခြင်းအရသာကို မခံစားဖူးတာကြောင့်ယောကျာင်္းအပေါ ်သစ္စာဖောက်ခြင်းလည်းမဖြစ်အောင် မိန်းမလိင်ဆက်ဆံဖော်ကို ငြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ငြားခဲ့တဲ့ လိင်ဆက်ဆံဖော်ကသူ့ထက်အသက်အများကြီးငယ်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ရှု့စားကြပါတေ့ာ.....။ဒီဇာတ်ကားကို 18+အနေနဲ့မဟုတ်ဘဲအိမ်ထောင်ရေးတစ်ခုအကြောင်းကိုနားလည်သဘောပေါက်စေရန် တင်ဆက်ထားခြင်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ IMDb rating 5.8 ရရှိထားတဲ့Drama,Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(999 MB) and (420 MB) Quality…BR-Rip 1080p Format…mp4 Duration….01:50:25 Subtitle….Myanmar Subtitle (Hardsub)Encoded by Naing Aung Latt 
movie

A Perfect Ending (2012)

2012