Channel Myanmar

Terry O'Neill

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002
Quills (2000) 7.3
Quills (2000) မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( က​လောင်​တံများ)IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံးဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ ...
movie

Quills (2000)

2000