Channel Myanmar

Tetsuji Tamayama

Jigen Daisuke (2023) 6.2
Jigen Daisuke (2023)   ဂန္တဝင်သေနတ်သမား တစ်ယောက်ဖြစ်တဲ့ Jigen.Daisukeဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပစ္စတိုတစ်လက်ကိုပဲ သုံးခဲ့တယ်။ ဒီသေနတ်ကို ပြင်ဆင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဒုစရိုက်မြို့တော် Deigyo-gai ကိုရောက်ရှိလာပါတော့တယ်။ Deigyo-gaiဟာ သာမန်ဒုစရိုက်မြို့တော်တင်မကပဲ မကောင်းတာမှန်သမျှ စုပြုံနေတဲ့အပြင်ဖုံးကွယ်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကရော ဘာဖြစ်မလဲ၊ သေနတ်တစ်လက်ပြင်ဖို့လာရာ ကနေ တစ်မြို့လုံးနဲ့ တစ်ယောက်ရင်ဆိုင်လာရတဲ့အခါမှာ…ဂျပန် mangaတစ်ခုဖြစ်တဲ့ Lupin III series ထဲကArsène lupin IIIရဲ့ အချစ်ဆုံးသူငယ်ချင်းJigen Daisuke ကို Live actionအဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီအတွင်းမှာ ဘယ်လိုအချိန်ကုန်သွားမှန်း မသိရအောင် အက်ရှင်အကြမ်းစားတွေနဲ့ dark secretတွေပါ ပါတာမို့လို့ ကြည့်ရတာတော်တော်တန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne
movie

Jigen Daisuke (2023)

Goemon (2009) 6.6
Goemon (2009) Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

Goemon (2009)

Norwegian Wood (2010) 6.3
Norwegian Wood (2010) Norwegian Wood (2010)Norwegian Wood (2010)မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။ သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့ Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ The Scent of Green PaPayaတို့ Cycloတို့လို အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။ စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့ စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့ စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။ ...
movie

Norwegian Wood (2010)

2010
Ajin: Demi-Human (2017) 7.0
Ajin: Demi-Human (2017) ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး.. မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့် စိမ်းနေတာလည်းပါတာပေါ့.. ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်... ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်... အညွှန်းလေးကိုဖတ်ကြည့်ရအောင်... ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်... အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်... အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ... ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်.... ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး... ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့ မသေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီး အာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်.... ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့ နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့ အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်... ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်... အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်တွေရရ  လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်... နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေ တစ်ယောက်ချင်းစီမှာရှိပါတယ်... အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်... ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်... သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်... ဒါကြောင့် သူတို့ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့ နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်... အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး...ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့ စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီး သူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်..... အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား... File Size : (853 MB) and (288 MB) Quality ...
movie

Ajin: Demi-Human (2017)

2017