Channel Myanmar

Thaïs Fischer

Don’t Look Back (2009) 5.8
Don’t Look Back (2009) Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don't Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don't Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San ...
movie

Don’t Look Back (2009)