Channel Myanmar

Théo Christine

Infested (2023) 6.4
Infested (2023) Infested (2023) =============ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက် ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အ တိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်း ဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါ တွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ်  အဆိပ်ပြင်း ပင့်ကူ တစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အ ဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊ အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့ သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures feature ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.44 GB) / (680 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Alias Encoder..........SWM
movie

Infested (2023)

2023
Gran Turismo(2023) 7.4
Gran Turismo(2023) Gran Turismo(2023)******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီးအကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကိုတကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ  မယုံကြည့်ခဲ့ပေမဲ့ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ဒါရိုက်တာကတော့ Elysium တို့ District 9 ...
movie

Gran Turismo(2023)

2023
4K HEVC
My Best Part (2020) 5.5
My Best Part (2020) My Best Part (2020) ===============ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်း လှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင် သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင် တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင် ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက် အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါ တယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေ ပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော် ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင် သေးပါဘူး။ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ် လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါ တယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ LGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားက အချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ် ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Part ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.71 GB) / (759 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar ...
movie

My Best Part (2020)

2020
Summit Fever (2022) 5.1
Summit Fever (2022) Summit Fever (2022) ================‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(3.5 GB) / (1.6 GB) / (640 ...
movie

Summit Fever (2022)

2022