Channel Myanmar

Theodus Crane

Five Nights at Freddy’s (2023) 5.7
Five Nights at Freddy’s (2023) Five Nights at Freddy's (2023) ======================ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy's ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့် ပါပဲ။သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီ ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့ နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိ ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ...ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ် သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်း စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက် သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.22 GB) ...
movie

Five Nights at Freddy’s (2023)

2023
4K HEVC
The Starving Games(2013)
The Starving Games(2013)  The Hunger Games ရုပ်ရှင်စီးရီးကိုတော့တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့The Hunger Gamesကို parodyအဖြစ် သရော်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်းအတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီးထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူသူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato
movie

The Starving Games(2013)

Black as Night (2021) 5.1
Black as Night (2021) Black as Night (2021)================ရှော်နာဟာ နယူးအော်လန်မှာ နေထိုင်ပြီး ရှက်တတ်ကြောက်တတ်တဲ့မိန်းကလေးတစ်‌ယောက်ပါ၊ နောက်ပြီး အမေဖြစ်သူဟာ ဆေးစွဲနေပြီးသူတို့မိသားစုနဲ့ခွဲနေရတော့ အမေရှိတဲ့ အွန်ဘရို့စ်ဆိုတဲ့နေရာကို ရှော်နာ မကြာခဏလာလည်လေ့ရှိပါတယ်။ အွန်ဘရို့စ်က ဆေးသမားနဲ့အပေအတေတွေ နေတဲ့နေရာတစ်ခုပါ။ တစ်ညမှာ ရှော်နာဟာ သူ့သူငယ်ချင်း ပက်ဒရိုရဲ့ တိုက်တွန်းမှုကြောင့် ပါတီပွဲတစ်ခုကို နှစ်ယောက်သားအတူတူသွားခဲ့ပေမဲ့ ရှက်တတ်ကြောက်တတ်တဲ့ သူ့အတွက်တော့ စိတ်ညစ်ပြီး ပါတီပွဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်။အဲ့ဒီအိမ်အပြန်လမ်းမှာ ‌‌ရှော်နာတစ်‌‌ယောက် သူ့တစ်ဘ၀လုံးစာ အပြောင်းအလဲကြီးကို ကြုံတွေ့ရမယ်ဆို‌တာတော့ မသိခဲ့ပါဘူး။ မထင်မှတ်ဘဲရှော်နာဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ကိုက်တာခံလိုက်ရပါတော့တယ်။ နောက်တစ်နေ့ ရှော်နာတစ်‌ယောက် အဖြေရှာရင်း အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေဟာ အိမ်ခြေယာမဲ့တွေနဲ့ ဆေးသမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလာရပြီးနောက်ပိုင်း ပြဿနာတွေဟာရှက်တတ်ကြောက်တတ်တဲ့ ‌ရှော်နာဆီ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့တယ်။ ဒီကားဟာ လူမည်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု လူမည်းတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကိုပါ တွဲစပ်ဖော်ပြပေးထားတဲ့ကိုလည်း တွေ့မြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck ...
movie

Black as Night (2021)

2021
Palmer (2021) 7.3
Palmer (2021) Palmer (2021)============IMDb Rating - 7.3/10ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ...
movie

Palmer (2021)

2021
Project Power (2020) 6.1
Project Power (2020) Project Power (2020)================IMDb Rating - 6.1/10#UnicodeAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကိုတင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . .နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက်လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။)#ZawgyiAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, ...
movie

Project Power (2020)

2020