Channel Myanmar

Therica Wilson-Read

Stopmotion (2023) 5.6
Stopmotion (2023)  ဒီနှစ်ထဲမှာ ဟော်ရာ ကားကောင်းကောင်းရှားနေပေမဲ့ ဒီကားကတော့ ကောင်းပါတယ်။ ABCs of Death ရဲ့ ဒါရိုက်တာ Robert Morgan ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဟော်ရာ၊ ဆိုက်ကို အမျိုးအစားပါပဲ။ဇာတ်လမ်းကတော့စတော့မိုးရှင်းခေါ်တဲ့ အရုပ်လေးတွေကို ဖရိမ်တစ်ခုချင်းလှုပ်ရှားမှုဖမ်းရိုက်ပြီး ကာတွန်းရုပ်ရှင်ဖန်တီးတဲ့ သားအမိနှစ်ယောက်အကြောင်းပါပဲ။ အမေဖြစ်သူက နာမည်ကျော် စတော့မိုးရှင်းဒါရိုက်တာကြီးဖြစ်ပေမဲ့ အဆစ်ယောင်ရောဂါကြောင့် လက်တွေမကောင်းတော့လို့ သမီးကို အသေးစိတ်ပြောပြီး ကူညီပေးခိုင်းနေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကိုမာ ဝင်သွားပြီး သမီးဖြစ်သူတစ်ယောက်တည်း ရုပ်ရှင်ကို ပြီးအောင်ဖန်တီးဖို့ ဖြစ်လာပါတယ်။ စတော့မိုးရှင်းကာတွန်းရုပ်ရှင်ကိုဖန်တီးဖို့ အာရုံနှစ်ထားရင်း တဖြည်းဖြည်း စိတ်ကူးတွေရော အမြင်တွေရော အစွန်းရောက်လာပြီး ကြောက်စရာတွေ ဖြစ်လာပါတော့တယ်။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoded and Translated by ….Mr. Anderson
movie

Stopmotion (2023)

Coyote (2023)
Coyote (2023)  အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ရုပ်ရှင်ကားဟာဆိုရင် တကယ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် dystopian era ထဲမှာရိုက်ကူးထားတဲ့ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် လူတိုင်းဟာ teleportation နည်းပညာကိုအသုံးပြုပြီးတော့ ခရီးသွားလာနေကြတဲ့အချိန်မှာ ဒုက္ခသည်တွေကလည်း ယူကေ ယူအက်စ် စတဲ့နိုင်ငံတွေကို အဲ့နည်းပညာတွေအသုံးပြုပြီး ခိုးဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယူ‌‌ကေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အန်ယာနဲ့ အက်ကတရီနာတို့ဟာ သူတို့ရဲ့နိုင်ငံကနေ ယူကေကိုထွက်ပြေးဖို့ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ညမှာတော့ အန်ယာရဲ့အဖေကသူတို့နေတဲ့အိမ်ကိုရောက်လာပြီး အန်ယာကိုပြန်ခေါ်ဖို့ကြိုးစားရာကနေ အသတ်ခံလိုက်ရပြီးတော့ သူတို့နှစ်ယောက်ဟာလည်းချက်ချင်းပဲ အဲ့ teleportationနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ကိုအပူသွားကပ်တာကနေ ဘယ်လိုတွေဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံး ယူကေမှာ ဘေးကင်းကင်းနဲ့နေရမလား ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ sci fi thirller ရုပ်ရှင်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်File size…(1 GB)/(470 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Coyote (2023)

Suicide Club(2018) 3.3
Suicide Club(2018) Suicide Club(2018)ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ကမှ Mo Mo Challenge ဆိုတာကြီးကို သတိပြုမိကြမယ် ထင်ပါတယ်။ Youtube ကနေ redirect လုပ်ထားတဲ့ website တစ်ခုမှာ ကလေးငယ်တွေကို ထူးဆန်းတဲ့ activity တွေ challenge တွေကို လုပ်ဖို့ လှုံ့ဆော်ရာကနေ တစ်ဆင့်တက်ပြီး အသားနာအောင်စေခိုင်းတာ အဲဒီနောက် ကိုယ့်ကိုယ်ကို သတ်သေအောင်စေခိုင်းတဲ့အထိ လုပ်ခိုင်းကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ခိုင်းတာကို Internet addiction ရနေတဲ့ လူငယ်တွေ အခန်းအောင်းပြီး social media တွေပေါ်မှာ ပျော်မွေ့နေကြတဲ့၊ အထီးကျန်နေကြတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်နေကြတဲ့ လူငယ်တွေ အများဆုံးခံရလေ့ရှိပါတယ်။ ဒီဇာတ်လမ်းမှာလည်း Website ကတစ်ဆင့် သင့်ရဲ့လက်တွေ့ဘဝကို အမှောင်နေ့တွေပေးမယ့် Suicide Club ဆိုတာကို တွေ့ရမှာပါ။ ပြင်ပလောကကို နှစ်အတော်ကြာ အဆက်အသွယ်ဖြတ်ပြီး အခန်းလေးထဲမှာ တံခါးပိတ်တစ်ကိုယ်တည်းနေတဲ့ လစ်ဇ် လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ အွန်လိုင်းပေါ်မှာပဲ ...
movie

Suicide Club(2018)