Channel Myanmar

Thierry Henry

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

Rooney (2022) 7.0
Rooney (2022) ဝိန်းရွန်နီ (သို့) Wazza (သို့) လူသားအဆန်ဆုံးတိုက်စစ်မှူး +++++++++++++++++++++++++++++++++++၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါမန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး ...
movie

Rooney (2022)

Arsène Wenger: Invincible (2021) 8.4
Arsène Wenger: Invincible (2021) Arsène Wenger: The Invincible (2021)လူသားတွေရဲ့ ဘဝဆိုတာ အရှုံးနဲ့အနိုင် ဒွန်တွဲနေတတ်တာမျိုးဗျ၊ အဲ အရှုံးနည်းတဲ့လူကျ လူတော်ဖြစ်လာပြီး အရှုံးမရှိတဲ့သူကျ ပြိုင်ဘက်ကင်း(The Invincible)ဆိုပြီးဖြစ်လာတယ်။ဒီ Documentary တစ်ခုလုံးမှာ အာဆင်နယ်အသင်းကို အာဆင်ဗန်းဂါးရောက်လာတဲ့အချိန်က‌နေစပြီး နှုတ်ဆက်သွားတဲ့အချိန်အထိ သူဒီအသင်းကိုဘာတွေလုပ်ပေးခဲ့တယ်၊ ဘာတွေပေးဆပ်ခဲ့လဲဆိုတာ မြင်ရပါမယ်။တစ်ရာသီလုံးရှုံးပွဲမရှိဆိုတဲ့ ရွှေဖလားကိုဘယ်လိုမျိုးရအောင်ယူခဲ့တာလဲဆိုတဲ့ အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ဆိုရင် အာဆင်ဝင်းဂါးနဲ့တွဲမြင်ရတဲ့ထိ၊ အာဆင်ဝင်ဂါးဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ မွေးဖွားလာရသလား ထင်ရတဲ့အထိကို အာဆင်နယ်ကိုပေးဆပ်ခဲ့ပါတယ်။ဒီအကြောင်းတွေကို အာဆင်ဝင်းဂါးအပြင် အာဆင်ရဲ့တပည့်တွေဖြစ်တဲ့ ဗီရဲရာ၊ ကီရွန်၊ ဘားကမ့်၊ အာဆင့်ရဲ့ masterpiece ဖြစ်တဲ့ သီရာရီ အွန်နရီ သူတို့က ပြန်‌လည်ပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပါပြီး ဆာ အဲလက်စ်ဖာဂူဆန်ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးရဲ့ခင်ဗျာ။ပရီးမီးယားလိဂ်မှာ အသင်းပေါင်း 20 ရှိပါတယ် ၊ The invincible ဆိုတဲ့ အသင်းကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။နိုင်ငံတကာက လိဂ်ပေါင်း များစွာမှာ ဘောလုံးအသင်းပေါင်းများစွာရှိပါတယ်၊ ...
movie

Arsène Wenger: Invincible (2021)

2021
The End of the Storm (2020) 8.3
The End of the Storm (2020) The End of The Storm(2020)==========================IMDb - 8.3/10 Rotten Tomatoes - 67%ယာဂင်ကလော့အကြောင်း..လီဗာပူးအကြောင်း ကျွန်တော်တို့မြည်းစမ်းကြည့်ရအောင်....လီဗာပူးအတွက် ၂၀၁၉-၂၀ဘောလုံးရာသီက ကြည့်လိုက်ရင် ရိုးရှင်းတဲ့ရာသီလို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ခဲ့ပါဘူး မုန်တိုင်းတစ်ခုလိုပါပဲ...ရာသီအစ ပထမဆုံးပွဲမှာ ကတည်းက ဂိုးသမားဒဏ်ရာရသွားတယ် ရာသီအလယ်ခေါင်ပွဲကြပ်နေတဲ့အချိန်မှာ Club World Cup သွားကစားရတယ် ကိုဗစ်ကြောင့် စိုးရိမ်စရာရှိနေတဲ့ကြားထဲကနေ ချန်ပီယံလိဂ်ကစားခဲ့တယ် ပြီးတော့လည်း ၁၆သင်းအဆင့်ကနေနှူတ်ဆက်သွားတယ် ပရီးမီးယားလိဂ်ဖလားရဖို့ တော်တော်နီးစပ်တဲ့အချိန်မှာလည်း ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားလိုက်ရတယ်ဒီလိုနဲ့ လွယ်ကူတဲ့ရာသီမဟုတ်ခဲ့ပါဘူးဒီ Documentary မှာတော့ လီဗာပူးအသင်း ဖလားရခဲ့တဲ့ ၂၀၁၉-၂၀ရာသီက အတွင်းရေးကိစ္စတွေကို နည်းပြကလော့ကိုယ်တိုင်ပြောပြနေတဲ့ပုံစံနဲ့ တင်ဆက်ထားပါတယ် အသင်းတွင်း စိတ်ဓာတ်တည်ဆောက်ပုံတွေ အတိတ်ကဖြစ်ရပ်တွေကိုလည်း flash back အနေနဲ့ ပြသထားတာကြောင့် တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ Documentary လေးပါနည်းပြ..အသင်းသား...ပရိတ်သတ်..ကံကြမ္မာတွေ ချိတ်ဆက်ထားတဲ့ ဘောလုံးအသင်းအကြောင်းတင်ဆက်ထားတာမို့ဒီ Documentary လေးက ဘောလုံးပရိတ်သတ်တိုင်းအတွက်ပါပဲ။  File size…(1.5 GB) and (870 MB) Quality…WEB ...
movie

The End of the Storm (2020)