Channel Myanmar

Thuy Anh Nguyen

The Royal Bride 5..1
The Royal Bride The Royal Bride (2020)ဒီတစ်ခါတော့ ပရိသတ်အတွက် အရသာအသစ် ရနိုင်မယ့် ဗီယက်နမ် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ခုနောက်ပိုင်း အာရှကားတွေထဲမှာ ဗီယက်နမ်ကားတွေလည်း အတော်အတန် အဆင့်ရှိလာတာကို တွေ့ရပါတယ်။ ဒီကားလေးလည်း ရိုက်ချက်တွေရော ဇာတ်လမ်းတင်ပြပုံရော အတော်လေး ကောင်းတာကို တွေ့ရပါတယ်။ တော်တော်လေးလည်း တခမ်းတနားနဲ့ ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ တော်ဝင် သတို့သမီး တစ်ယောက်အကြောင်းပေါ့။မင်းသမီးက ကူယင် ဆိုတဲ့ တီဗွီအစီအစဉ် တင်ဆက်သူပါ။ သူ့အစီအစဉ်က အတင်းအဖျင်းတွေကို ဖော်ထုတ်တဲ့ Showbiz Face-off ဆိုတဲ့ အစီအစဉ်ပါ။ သူ့အစီအစဉ်ကို စုံတွဲလာရင် ကွဲတယ်။ သူငယ်ချင်းတွေ လာရင် ရန်ဖြစ်ကြတယ်။ ဒီလို အစီအစဉ်မျိုးပေါ့။မင်းသားကတော့ ဂျက်လို့ နာမည်ရတဲ့ တော်ဝင်မျိုး တော်ဝင်နွယ် တစ်ယောက်ပေါ့။ ဒီတော့ ဂျက်ရဲ့အမေက ဂျက်ကို ကူယင်နဲ့ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့် ဂျက်ရဲ့အမေကလည်း တစ်ခေတ်တစ်ခါက နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးပါ။ သူ ဘာလို့ သဘောမကျရတာလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရပါမယ်။ဂျက်ရဲ့အမေက ဂျက်ကို ဇာတိမြို့ ...
movie

The Royal Bride

2020