Channel Myanmar

Tiger Kirchharz

Nightlife (2020) 5.7
Nightlife (2020) Nightlife (2020) =============နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်...အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 51Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Jo Jo Va Encoder..........SWM
movie

Nightlife (2020)

2020
Step Up All In (2014) 5.9
Step Up All In (2014)  Genre – Drama, Music, Romance IMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်းပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolutionက ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမားတွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေအယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက်ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးကပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင်ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီတောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာတောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာလက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူကနိုင်သွားရင် အဲဒီမှာပဲ ၃ ...
movie

Step Up All In (2014)

Step Up Revolution (2012) 6.4
Step Up Revolution (2012)  Genre – Drama, Music, Romance IMDB – 6.4/10Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက်ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီRevolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲFalsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Messageတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီးပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကိုတော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်းဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်)သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင်Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameoအဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ...
movie

Step Up Revolution (2012)