Channel Myanmar

Tim Gamble

Chicago Overcoat (2009) 5.9
Chicago Overcoat (2009)  အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင်လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီးလူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကိုပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ ChicagoOvercoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။"လူ" ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီးအခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကိုကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာသွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန်လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းကပန်းပို့သမားဆိုပြီး "လူ" နာမည်ကြီးခဲ့တဲ့အချိန်ကတည်းကလိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း"လူ" ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကိုအသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေများစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73GB / 864MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Chicago Overcoat (2009)

The Breakfast Club (1985) 7.8
The Breakfast Club (1985) The Breakfast Club (1985)ဒီတစ်ခေါက် CM team မှ တင်ဆက်ပေးမှာကတော့80s Classic Teen Comedy အမျိုးအစားဖြစ်ပြီးIMDb 7.8 နဲ့ Rotten Tomatoes 89%ရရှိထားတဲ့The Breakfast Club ပဲ ဖြစ်ပါတယ်။Teen Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးပဲကျောင်းသား၅ယောက်နဲ့ ဇာတ်အိမ်ဖွဲ့ထားပါတယ်ပင်ကိုယ်စရိုက်ချင်းမတူညီကြတဲ့ ကျောင်းသားကျောင်းသူငါးယောက်ဟာကျောင်းစည်းကမ်းတွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ ချိုးဖောက်ခဲ့ကြလို့ကျောင်းပိတ်ရက် စနေနေ့မှာ ကျောင်းစာကြည့်တိုက်ကိုလာပြီးကိုယ့်အပြစ်ကိုယ် ဆင်ခြင်သုံးသပ်ကြရပါတယ်။လူကြီးမဖြစ်သေးပေမယ့် ကလေးလည်းမဟုတ်တော့တဲ့ဆယ်ကျော်သက် အရွယ်တွေအနေနဲ့လူကြီးမိဘ ဆရာသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေကြပြဿနာတက်ပုံတွေ မတူညီကြပေမယ့်တူညီတဲ့အရာတစ်ခုကတော့တဖြည်းဖြည်း ကိုယ့် စိတ်နှလုံးသားကို ဖွင့်ပေးရင်းတစ်ယောက်အကြောင်းတစ်ယောက် ရိုးရိုးသားသားဖွင့်ဟပြောဆို လက်ခံပေးကြခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ငယ်ဘဝခံစားချက်ကသူတို့ထဲက ဘယ်တစ်ယောက်ရဲ့ ခံစားချက်နဲ့များထပ်တူကျနေမလဲဆိုတာစောင့်ကြည့်ပြီး ခံစားပေးကြပါဦးReviewed and Translated by JerricaFile size…1.4GB and 638MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Jerrica Encoder ..... ...
movie

The Breakfast Club (1985)

1985
The Untouchables(1987) 7.9
The Untouchables(1987) The Untouchables(1987) IMDb....7.9,,,,,Rotten.....80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်...သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်..သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ...ဆိုင်တွေဖြန့်တယ်..မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်...ဆိုင်ကိုဗုံးခွဲတယ်..ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်..ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်...အဲ့ဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်...ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်းသူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်...ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး..တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်... ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ....Kevin Costner, Sean Connery, Robert De Niro တို့ပါ...ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတေ်ာများများတင်ခဲ့ပါတယ် ...အထူးသဖြင့် Robert De Niro  ပေါ့...ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ...ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery  ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်...ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး....File Size : 900 MB Quality : Blu-Ray 720p Format…mp4 Duration…01:59:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Sherlock Encoded by Phyo Pyae
movie

The Untouchables(1987)

1987