Channel Myanmar

Tim Myles

Maid for Revenge (2023) 5.3
Maid for Revenge (2023)  ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ကမှထွက်ရှိခဲ့ပြီး ဒါရိုက်တာ Alexandre Carrière ရိုက်ကူးထားတဲ့ mystery and thriller အမျိုးစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း‌အကျဉ်းလေးကတော့ မစ္စ၀စ်ခါဆန် က ၈ နှစ်အရွယ်သားလေးနဲ့အတူတူနေရင်း ဘ၀ကိုရုန်းကန်နေရတဲ့ single mother တစ်ယောက်ပါ။ သူအရင်က ထောင်လည်းကျခဲ့ဖူးတာမလို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရိုးရိုးသားသားပဲလုပ်ကိုင်စားသောက်နေသူပါ။တစ်နေ့မှာတော့ အလုပ်လုပ်နေရင်းသတိမေ့သွားပြီး သတိပြန်ရလာချိန်မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ရှင်ရဲ့ ရေကန်နားမှာသွေးတွေနဲ့အတူဖြစ်နေပါတယ်။ အနားမှာလည်း ဓားထိုးရာနဲ့သွေးတွေထွက်နေတဲ့အိမ်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့သားလေးကိုစိတ်ပူပြီး အိမ်ကိုမရရအောင်ပြန်ပါတော့တယ်။ ဒီလိုရိုးရိုးသားသားအလုပ်လုပ်နေတဲ့ အိမ်ဖော်တစ်ယောက်က တကယ်ပဲသူ့ရဲ့အလုပ်ရှင်ကိုသတ်ခဲ့တာလား? သူသတ်ခဲ့တာမဟုတ်ရင် ဘာလို့သူ့ကိုချောက်ချကြတာလဲ? သူမကရော အရင်ကဘာတွေဖြစ်ခဲ့တာလဲ? မစ္စ၀စ်ခါဆန် ကလည်းဒီအကြောင်းတွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုကြရမှာပါ။File size…(1.5 GB)/(640 GB)/(360 Mb)Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Mystery, Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha
movie

Maid for Revenge (2023)