Channel Myanmar

Timothy Fall

Lost in the Sun (2015) 6.0
Lost in the Sun (2015)  “ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက်အခြားသူတွေကို အပြစ်တင်ကြတယ်”“ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး”“ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီးဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမားဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီးမိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့်ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်ကဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်းရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ်နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကိုအန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက်လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ...
movie

Lost in the Sun (2015)

Heartbreak Ridge (1986) 6.9
Heartbreak Ridge (1986) Heartbreak Ridge (1986) ~ IMDb - 6.9/10, RT -68%, Meta - 53% ~"ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ"- အရာခံဗိုလ် စတုန်နီ ဂျက်ဆင် (Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)မီးခိုးတလူလူ ယမ်းခိုးတ‌ဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ ...
movie

Heartbreak Ridge (1986)

1986