Channel Myanmar

Tina Kellegher

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Herself (2020) 7
Herself (2020) Herself (2020)IMDb 7/10ဒီဇာတ်ကားလေးကတော့ ..... ယောကျ်ားဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုခံရတဲ့ စန်ဒရာဆိုတဲ့ အိုင်ယာလန်အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်ချစ်စဖွယ်သမီးလေးနှစ်ယောက်လက်ကိုဆွဲရင်း စန်ဒရာတစ်ယောက် အလုပ်တွေအများကြီးလုပ်ပြီး ပိုက်ဆံရှာပေမယ့် ဒပ်ဘလင်မြို့ရဲ့ အိမ်ရာစနစ်က စန်ဒရာ့လို ကိုယ်ထူကိုယ်ထအမျိုးသမီးတစ်ယောက်အတွက် ကျဉ်းထဲကြပ်ထဲရောက်ပြီး အဆင်မပြေစေခဲ့ပါဘူး အဲ့ဒါကြောင့် စန်ဒရာအနေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ဆွေမျိုးညာတိ ဗလာနတ္ထိနဲ့ ကျောထောက်နောက်ခံမရှိတဲ့ စန်ဒရာတစ်ယောက် အိမ်ကို ကိုယ်တိုင် အဆင်ပြေပြေပြီးမြောက်အောင် ဆောက်နိုင်ပါ့မလား ????? ပတ်ဝန်းကျင်ကလူတွေ ..... သူမဘေးကလူတွေကရော ..... သူမအပေါ် ကောင်းကြပါ့မလား? ကူညီကြပါ့မလား?ကလေးတွေရဲ့ Photographic memory ကနေ Trauma တွေရနိုင်တဲ့အကြောင်းများနဲ့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်အိမ်ကို ဆောက်ရင်း သူမကိုယ်သူမ ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။IMDb - 7/10 ရရှိထားပြီးရုပ်ရှင်ဆု ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားတဲ့ ကားကောင်းတစ်ကောင်း ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲ။ အိမ်တွင်းအကြမ်းဖက် နဲ့ အမျိုးသမီးဘဝမြှင့်တင်ရေး ဇာတ်လမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။File size… 2.2 GB ...
movie

Herself (2020)

2020