Channel Myanmar

Tina Sloan

The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

Changing Lanes (2002) 6.5
Changing Lanes (2002) Changing Lanes (2002) ================= IMDb Rating - 6.5/10Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်‌ကားဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ‌ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes ...
movie

Changing Lanes (2002)

Black Swan (2010) 8.0
Black Swan (2010) UnicodeIMDb (8/10)Rotten Tomatoes (86%)Black Swan ....ဒီကားနဲ့ ပက်သက်ပြီး ရေးမယ် လုပ်တော့ ကျွန်တော့်ခေါင်းထဲ ဝင်လာတာ စကားလုံးတစ်လုံးပဲရှိတယ်။" အနုပညာ မှော်ဝင်စားမှု"... ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက် Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်...။Swan Lake ပြဇာတ်ရဲ့ ငန်းဖြူ နေရာနဲ့ အသင့််တော်ဆုံး သူ ဖြစ်ပေမဲ့...ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်....။ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား..သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့..သူ့ ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။က ကွက်တွေ....တေးဂီတတွေနဲ့ ဒီ ဇာတ်လမ်းလေးမှာ တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးက မိုးရေစက်များ ...
movie

Black Swan (2010)

2010