Channel Myanmar

Titi Kamal

Sesuai Aplikasi / Fit in the App (2018) 6.1
Sesuai Aplikasi / Fit in the App (2018) Sesuai Aplikasi (2018) IMDb 6.1/10ဒီကားလေးကတော့ Tiktok မှာ trend ဖြစ်ခဲ့တဲ့ အင်ဒို သီချင်းလေး "အကို ဆရာ ဒါမူကြိုကျောင်းဆရာ" ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းလေးပါတဲ့ ဇာတ်ကားကောင်းလေးပါ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဘဝကို ထင်ဟတ်အောင်ရိုက်ကူးထားပြီး ဟာသလေးတွေနဲ့ပေါင်းဆက်လိုက်တော့ ကြည့်ရတာ ကြည်နူးစရာပါ အင်ဒိုကားလေးဖြစ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေက အရှေ့တောင်အာရှဆန်တယ် ဇာတ်လမ်းလေးကတော့ ပရက်စ် နဲ့ ဒူရက်စ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က Delivery ပို့ရတဲ့ ကောင်လေးနှစ်ယောက်ပေါ့ နှစ်ယောက်သား အိမ်ချင်းကပ်ရပ်နေကြပြီး ရိုးသားကြိုးစားပြီးမိသားစုကို ရှာဖွေကျွေးနေခဲ့ရာကနေ ဘဝရဲ့လောကဓံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်လာရချိန်မှာတော့ သူတို့တွေ ဘယ်လိုရုန်းကန်လှုတ်ရှားကြလဲဆိုတာ ကြည့်ရှုအားပေးလို့ရပါပြီ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အဓိကထားပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ မိသားစုနဲ့ အတူတူကြည့်မယ်ဆိုလဲ သင့်တော်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.3GB | 620MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Sesuai Aplikasi / Fit in the App (2018)

2018
Air Mata di Ujung Sajadah (2024) 7.1
Air Mata di Ujung Sajadah (2024) Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 )အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး... အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်... ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်... ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်... မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်... ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း ...
movie

Air Mata di Ujung Sajadah (2024)

2024
Makmum 2 (2021) 5.2
Makmum 2 (2021) Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။    File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie

Makmum 2 (2021)

2021
Makmum (2019) 5.1
Makmum (2019)   Makmum 2ကို ဆက်လက်ကြည့်ရှုလိုပါက ဒီလင့်လေးကနေ ကြည့်ရှုနိုင်ပါတယ်>> Makmum2(2021) Horror ရုပ်ရှင်ကား ကြိုက်နှစ်သက်သူ ပရိတ်သတ်ကြီးအတွက် အင်ဒိုနီးရှား သရဲကားလေး တစ်ကားဖြစ်တဲ့ Makmum ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါရစေ ။ ဒီကားလေးဟာဆိုရင် ၂၀၁၉ မှာတစ်ကား ၂၀၂၁မှာ တစ်ကား ထွက်ရှိထားတာဖြစ်ပြီး ၂၀၁၉ထွက် ကားလေးရဲ့ ဇာတ်အိမ်လေးကတော့ စီတရာ မိန်းကလေး ကျောင်းအိပ်ကျောင်းစားကျောင်းက အဆောင်နေ ကျောင်းသူမလေး သုံးဦးရဲ့ ခြောက်လှန့်ခံရမှုကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်Makmum (နောက်ကလိုက်သူ ) လို့အမည်ရတဲ့ သရဲဟာ စီတရာရဲ့ အဆောင်နေ ကျောင်းသူမလေးတစ်ယောက်ဖြစ်တဲ့ပူတရီကို ဝတ်ပြုချိန်တိုင်း ပူးကပ်ခြောက်လှန့်တတ်ပါတယ်။ ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးဟောင်း ဖြစ်တဲ့ဆရာမကြီး ကီနန်တီဟာ ဒီအကြောင်းတွေကို သိနေတဲ့အတွက် ကျောင်းသူဟောင်း ရင်နီကို ခေါ်ယူခဲ့ပါတယ်ရင်နီဟာ လက်ရှိမှာလူသေတွေကို ပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး ပရလောကသားတွေနဲ့ မကြာခဏကြုံတွေ့ရတတ်တဲ့သူပါ အဲဒီလိုနဲ့ ရင်နီတစ်ယောက် ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းကို ပြန်ရောက်လာတဲ့အချိန် ဘယ်လို အဖြစ်မျိုးတွေ ခြောက်လှန့်မှုမျိုးတွေနဲ့ကြုံရမလဲ သရဲ ပူးကပ်ခြင်းခံနေရတဲ့ ကျောင်းသူလေးတွေကို သူဘယ်လိုကယ်တင်သွားမလဲ သူမသိထားခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ ...
movie

Makmum (2019)

2019