Channel Myanmar

Tj Bhanu

Por (2024) 6
Por (2024) POR 2024 ကျောင်းတော်ကရန်စများIMDb-6.1/10သင်ဟာ တက္ကသိုလ်ဘဝကို လက်ချာခန်းထဲ ကုန်ဆုံးခဲ့တဲ့သူမဟုတ်ဘဲ အပေါင်းအသင်းတစ်အုပ်နဲ့ ကျောင်းဝင်းပျော်ကြီးလုပ်ခဲ့တဲ့သူဆို တစ်ချိန်ကဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းဝင်းထဲပဲပျော်တဲ့သူဆိုထဲက တစ်တန်းနှစ်နှစ်နေရမှတို့ဘာတို့လည်း ပါတယ်ပေါ့လေ ဆိုတော့ကာ ဇာတ်လမ်းကိုဆက်ကြဦးစို့ရဲ့။အမောင်ပရာဘူဟာ အတော်လေးကို ကျောင်းနေပျော်တဲ့သူတစ်ယောက်၊ ကျောင်းနေပျော်ပေမဲ့ စာနေတော်သူတော့မဟုတ် thesis မှာတဘုံးဘုံးကျနေတဲ့ ကျောင်းတော်ကြီးရဲ့ရှားပါးနှစ်ချို့ကျောင်းသား၊ သူ့ကိုယ်သူတော့ စူပါစီနီယာလို့ ခံယူထားတဲ့သူ တက္ကသိုလ်ဆိုတာက စီနီယာကဟိတ်ဆို ဂျူဂျူတွေတိတ်ရတဲ့နေရာဆိုတော့ စူပါ့စူပါစီနီယာပရာဘူကတော့ လူတကာရဲ့ကြောက်ရတဲ့ ခေါင်းဆောင်ကြီးလိုလို ဘာလိုလိုပေါ့။ဒါပေမဲ့ နေရာတိုင်းမှာ အစဉ်အလာဆိုတာမျိုးကို လက်သင့်မခံတတ်တဲ့ လူကန့်လန့်လူ့ဂွစာဆိုတာမျိုးက ရှိနေတတ်တော့ စီနီယာဆိုတာ ဘာလဲဘယ်လဲပြန်မေးပြီးရိုက်မယ့် ပထမနှစ်ကျောင်းသား ယူဗာဆိုသူပေါ်လာတဲ့အခါတော့ ပရာဘူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ...နဂိုထဲက ရန်စလေးတွေ ဇယားလေးတွေရှိခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားက အားပြိုင်မှုအပြင်၊ အမျိုးဇာတ်ခွဲခြားမှု‌တွေ ၊ နိုင်ငံရေးဘက် ခပ်ပါးပါးအားပြိုင်မှုတွေ ၊ ဆရာဆရာမတွေရဲ့ ဘက်လိုက်မှုတွေနဲ့အတူ ကျောင်းသားအဖွဲ့တွေကြားက ပြဿနာမျိုးစုံကိုရှုစားရင်းနဲ့ ငယ်စဉ်က ပြဿနာအိုးလုပ်ခဲ့တဲ့ဘဝကို ပြန်တမ်းတလိုက်ကြပါစို့လား။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…2.6GB / 1.3GB Quality…WEB DL ...
movie

Por (2024)

2024
Afwaah (2023) 5.2
Afwaah (2023) Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie

Afwaah (2023)

2023
Ankahi Kahaniya (2021) 5.8
Ankahi Kahaniya (2021) Ankahi Kahaniya (2021)ဒီဇာတ်လမ်းလေးကတော့ တစ်မူထူးခြားပါတယ်ဘယ်လိုထူးခြားတာလဲဆိုရင်တော့ ဇာတ်လမ်းတစ်ပုဒ်ထဲကိုမှ ဇာတ်အိမ်သုံးမျိုးခွဲပြီးဒါရိုက်တာ သုံးယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ် မြည်းစမ်းကြည့်လိုက်ကြတာပေါ့နယ်မြို့လေးကနေ တစ်ကိုယ်ထဲ တက်လာပြီးမွန်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်....မြို့ကြီးပြကြီးမှာ တစ်ဦးထဲနေတာ ကြာလာတဲ့ သူ့အဖို့ အရာရာဟာ အထီးကျန်ဆန်စရာကောင်းလာခဲ့ပါတယ်အထီးကျန်စရာကောင်းတဲ့ လူတွေအဖို့တော့ သူတို့နားမှာ အမြဲတစေရှိနေတဲ့ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ်အားကိုးတကြီးဖက်တွယ်သွားတယ်ကြတာ သဘာဝပဲ မဟုတ်လားဒီလိုပါပဲ အနှီကောင်လေးကလည်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုကိုအချစ်တစ်ခုလို စွဲလမ်းမိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ....???အိမ်ရဲ့အပယ်ခံလေးဖြစ်နေခဲ့ပြီး အခြားလူငယ်တွေလို ကျောင်းတက်ခွင့်မရ အိမ်မှာပဲအလုပ်လုပ်ရင်းထိန်းချုပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကရော....တစ်နေ့ ရုပ်ရှင်ရုံမှာအလုပ်လုပ်တဲ့ ကောင်လေးကိုတွေ့ရင်း မြင်မြင်ချင်း ချစ်မိသွားတဲ့အခါအရာအားလုံးကို စွန့်လွှတ်ပြီး အချစ်ကိုယုံစားကာ နှစ်ယောက်အတူ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ် ဒါပေမဲ့သူ ယုံစားခဲ့ရတဲ့ချစ်သူကောင်လေးကရော သူနဲ့ထပ်တူ သူ့အပေါ် ကို သစ္စာစောင့်သိသွားမှာလား ဒါမှမဟုတ် အပယ်ခံကောင်မလေးရဲ့ အချစ်ခံချင်တဲ့စိတ်ကို အသုံးချသွားမှာလား...??အိမ်ထောင်ရေးဘဝကို အများစိတ်ကူးပုံဖော်ထားသလိုမျိုး အိမ်ကြီးအိမ်ကောင်းမှာ ကြွယ်ဝချမ်းသာခင်ပွန်းနဲ့အတူဖြတ်သန်းခွင့်ရလို့ ...
movie

Ankahi Kahaniya (2021)

2021