Channel Myanmar

Todd Lasance

True Spirit (2023)
True Spirit (2023)  ကိုယ့်ဘဝမှာဖြစ်ချင်နေတဲ့ အိပ်မက်တွေရှိနေပြီး အဲ့ဒီအိပ်မက်တွေနောက်ကိုအကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ဖြစ်နေကြတဲ့ လူတွေအများကြီးရှိမှာပါ။အဲ့ဒီလို အိပ်မက်တွေဖြစ်လာဖို့က ကိုယ့်ရဲ့အိပ်မက်ကိုကိုယ်ယုံကြည်ပြီးအပြင်းအထန်ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့သက်သေပြသွားတာပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂျက်ဆီကာလို့ခေါ်တဲ့ သြစတေးလျကမ်းခြေမှာကြီးပြင်းလာခဲ့တဲ့ကောင်မလေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ပင်လယ်နဲ့အကျွမ်းတဝင်ရှိခဲ့ပြီး ရွက်လွှင့်ရတာကို အရမ်းနှစ်သက်သဘောကျတဲ့ကောင်မလေးပဲဖြစ်ပါတယ်။သူကအသက် ၁၇ နှစ်နဲ့ကမ္ဘာတစ်ပတ်ကိုအကူအညီမပါပဲ ဆက်တိုက်ရွက်လွှင့်ခဲ့တဲ့ဂျက်ဆီမာတင်ဆိုတဲ့ အသက်အငယ်ဆုံးရွက်လွှင့်သူကို အရမ်းအားကျပြီးသူကိုယ်တိုင်လဲအဲ့လိုမျိုးဖြစ်ချင်ခဲ့ပါတယ်။ဒါကြောင့်ဂျက်ဆီကငယ်ငယ်လေးကတည်းက ဘန်ဆိုတဲ့နည်းပြနဲ့လေ့ကျင့်ခဲ့ပြီးအသက် ၁၆ နှစ်ပြည့်တဲ့အခါမှာတော့ ကိုယ်တိုင်သူသွားချင်တဲ့ပန်းတိုင်ကို ခရီးနှင်ဖို့စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့်စစချင်းမှာတော့ မီဒီယာတွေနဲ့အစိုးရက သူ့ကိုအရမ်းတိုက်ခိုက်ကြပေမဲ့ လုံးဝလက်မလျှော့ပဲ မိသားစုနဲ့နည်းပြရဲ့ အကူအညီနဲ့ သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒီခရီးတစ်လျှောက်မှာ တွေ့ကြုံရမဲ့အခက်အခဲတွေမုန်တိုင်းတွေကိုဘယ်လိုတွေဖြစ်ကျော်ပြီးရက်ပေါင်း ၂၁၀ (ခုနှစ်လ) ကြာမြင့်တဲ့အခါမှာအောင်မြင်စွာပြန်လာနိုင်ခဲ့ပုံတွေကို ရင်ထိတ်ဖွယ်ရာ စိတ်ဝင်စားစရာဒရာမာတွေနဲ့ လူ့ဘဝရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရိုက်ကူးထားနိုင်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  2.70GB / 800MB Quality… NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..  Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

True Spirit (2023)

Black Site(2022) 6.5
Black Site(2022) Black Site(2022)***************ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကိုဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်းလျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်းပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie

Black Site(2022)

Seriously Red (2022) 5.1
Seriously Red (2022) Seriously Red (2022) ==============="if you don't like the road you're walking, start paving other" by Dolly Parton" သင်အခု လျှောက်လှမ်းနေရတဲ့ လမ်းကို မကြိုက်ဘူးဆိုရင် အခြားလမ်းဖောက်လိုက်ပါတဲ့" နာမည်ကြီး မင်းသမီး ဒေါ်လီပါတွန်ရဲ့ ပြောခဲ့တဲ့စကားပါ။ရေးလင်း ရက်ဒ် ဟာ အိမ်ခြံမြေတန်ဖိုးဖြတ်သူအဖြစ် လုပ်ကိုင်တဲ့သူပါ။ ကုမ္ပဏီရဲ့ ပါတီတစ်ခုမှာ ဒေါ်လီပါ တွန်လိုဝတ်ဆင်ပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ အဲနေ့ညမှာပဲ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖြစ်ပြီး နာမည်ကြီးတွေလို ဝတ်စားပြီး ဖျော်ဖြေကြတဲ့လုပ်ငန်းကို စိတ်ဝင်စားသွားပါ တယ်။ နောက်နေ့မှာပဲ သူ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ ထို့နောက် ဒေါ်လီပါတွန်လို ဝတ်စားပြီး အတုအနေနဲ့ဖျော် ဖြေဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ငယ်စဉ်ကတည်းက ဒေါ်လီ့ပရိသတ်ဖြစ်တာမို့ ဒေါ်လီ့စကား အတိုင်းပဲ အခြားလမ်းကို ဖောက်ပါတော့တယ်။ ဒီလိုနဲ့ ဒေါ်လီ လို ဝတ်စား၊ နေထိုင်စားသောက်၊ ပြောဆိုနေရင်း ကိုယ့်ကိုယ် ကိုယ် ရှာဖွေဖို့ ကြိုးစားနေတဲ့ ရက်ဒ် တစ်ယောက် အဆင်ပြေ ပါ့မလား။ ဘာတွေကြုံတွေ့ရမယ်ဆိုတာကိုတော့ ဟာသလေး တွေရယ် ဒေါ်လီပါတွန့်ရဲ့ နာမည်ကြီး သီချင်းတွေရယ်နဲ့ တဝကြီး ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Seriously Red (2022)

2022
The Divorce Party (2019) 6.1
The Divorce Party (2019) The divorce partyဟာအိမ်ထောင်ရေးဇာတ်ကား၁ကားဖြစ်ပြီးaustralia မင်းသားချောthomas cocquerelပါဝင်သရုပ်ဆောင်ထားတာပါ။မိန်းမ၁ယောက်ရဲ့ထိန်းချုပ်မှုပုံစံအောက်မှာပဲနေထိုင်ခဲ့တဲ့ယောကျာင်္း၁ယောက်သူ့မိန်းမထိန်းချုပ်မှုမပါပဲပတ်ဝန်းကျင်မှာနေထိုင်ဆက်ဆံကြည့်တဲ့အခါ လွတ်လပ်မှုကိုခံစားနိုင်တဲ့အခါ... နိတ်နဲ့ဆူဇန်ဟာခဏတာတွေ့ဆုံချစ်ကြိုက်ခဲ့ပြီးလက်ထပ်ခဲ့ကြတဲ့စုံတွဲ၁တွဲဖြစ်ပါတယ်။ငါးနှစ်ကြာပြီးနောက်ဆူဇန်ဟာရုတ်တရက်ကွာရှင်းခွင့်တောင်းခံလာခဲ့ပါတယ်။ဆူဇန်ကိုချစ်တဲ့စိတ်နဲ့ပဲသူမရဲ့ထိန်းချုပ်မှုပုံစံအောက်မှာနေခဲ့တဲ့နိတ်၁ယောက်အိမ်ကထွက်လာပြီးနောက်မှာသူတို့ရဲ့အိမ်နီးချင်းဖြစ်ခဲ့သူကေသီနဲ့တွေ့ဖို့အကြောင်းဖန်လာပါတယ်။ ဆူဇန်ကွာရှင်းခွင့်တောင်းတဲ့အကြောင်းရင်းကိုသိရှိပြီးနောက်မှာနိတ်၁ယောက် ဘယ်လိုရှေ့ဆက်သွားမလဲ....ကေသီကရောဘယ်လိုတွေကူညီမလဲဆိုတာကိုဒီဇာတ်ကားလေးမှာကြည့်ရှုရမှာပါ။ File Size : (873 MB) & ( 326 MB)Quality : BluRay 720pRunning Time : 1 hr 33 minFormat : Mp4Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

The Divorce Party (2019)

2019