Channel Myanmar

Tola Lawal

First Time Female Director (2023)
First Time Female Director (2023) First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie

First Time Female Director (2023)

2023
Ice Storm (2023) 4.0
Ice Storm (2023) Ice Storm (2023) ============Global Warming ဆိုတာ လက်ရှိကျွန်တော်တို့တွေကြုံတွေ့နေရတဲ့ အခက်အခဲကြီးတစ်ရပ်ပါ။ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်တွေ အရည်ပျော်နေတာ လူတိုင်းနီးပါးသိပေမဲ့၊ ဒီလိုဖြစ်ရပ်တွေကြောင့် နောက်ဆက်တွဲဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ သိတဲ့ သူ အင်မတန်နည်းပါတယ်။အကျိုးဆက်အနေနဲ့ အီကွေတာဘက်ခြမ်းမှာ ပိုပြီးပူနွေးလာပြီး ရေခဲ တောင်တွေအရည်ပျော်လာတဲ့အခါမှာ ဝင်ရိုးစွန်းဘက်က လေအေး တွေကို တားဆီးထားမယ့်အတားအဆီးတွေမရှိတော့ပဲ အပူအအေး မညီမျှမှုကနေ ကုန်းတွင်းပိုင်းဒေသတွေမှာပါ နှင်းမုန်တိုင်းတွေတိုက်ခိုက် လာနိုင်တော့တာပါပဲ။ ဒီကားထဲမှာ နှင်းမုန်တိုင်းက တဖြည်းဖြည်းနဲ့အင် အားကောင်းလာပြီး နောက်ဆုံး ဘယ်လိုမှအားမလျော့တော့ပဲ ကမ္ဘာကြီး ကို အကြွင်းမဲ့ သုညအမှတ်ထိအေးခဲသွားစေမယ့်အဆင့်ထိရောက်သွား တော့တဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက် လက်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.3 GB) / (580 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi Translator.......Thetti Tun Encoder..........SWM
movie

Ice Storm (2023)

2023