Channel Myanmar

Tom Brady

80 for Brady (2023)
80 for Brady (2023) 80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie

80 for Brady (2023)

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)