Channel Myanmar

Tom McCleister

Envy (2004) 4.8
Envy (2004) Envy (2004) ==========“လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား?2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအ‌ပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ...
movie

Envy (2004)

2004
Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်  File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie

Cradle 2 the Grave (2003)

2003
Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie

Million Dollar Baby (2004)

2004