Channel Myanmar

Tom O'Reilly

What Dreams May Come (1998) 6.9
What Dreams May Come (1998) ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ...
movie

What Dreams May Come (1998)

San Andreas (2015) 6.0
San Andreas (2015) San Andreas (2015)__________IMDb - 6.0/10  Channel Myanmar က ပရိတ်သတ်တွေအတွက် The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.0 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။ အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife  ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ...
movie

San Andreas (2015)