Channel Myanmar

Tom Rack

The Greatest Game Ever Played (2005) 7.4
The Greatest Game Ever Played (2005) ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie

The Greatest Game Ever Played (2005)

If Looks Could Kill (1991) 5.8
If Looks Could Kill (1991)  ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ ...
movie

If Looks Could Kill (1991)

300 (2006) 7.6
300 (2006) 300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie

300 (2006)

2006