Channel Myanmar

Tom Vera

Narco Sub (2021) 5.5
Narco Sub (2021)  ဒီတစ်ခါ cm ပရိတ်သတ်ကြီးကို အက်ရှင်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီး မင်းသား မင်းသမီးတွေမပါဝင်နေပေမယ့်လည်း ဇာတ်ကောင် စရိုက်ကို အကောင်းဆုံးချပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းက အမေရိကန် ရေတပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့စထရိုက်ကာဟာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့ DEA နဲ့အတူကမ်းခြေစောင့် ရဲတွေနဲ့ ပူးပေါင်းပြီးတော့ မက်ဆီကိုနယ်စပ်လမ်းကြောင်းကနေ ဘိန်းဖြူတင်ပို့နေတဲ့ ကိုလံဘီယန် မူးယစ်ဂိုဏ်းက မိန်းကလေးနှစ်ဦး ပြန်ပေးဆွဲဖမ်းခေါ်ထားတာကိုကယ်ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ မူးယစ်ဂိုဏ်း ခေါင်းဆောင်ကစထရိုက်ကာရဲ့ မိသားစုကို ဖမ်းထားလိုက်ပြီး သူတို့ရဲ့ ရေငုပ်သင်္ဘောနဲ့ ဘိန်းဖြူပို့မယ့်အသုတ်ကို စထရိုက်ကာက လုံခြုံအောင်တာဝန်ယူပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါတယ်။ ပစ္စည်းတွေကိုရောက်အောင် မပို့နိုင်ရင် မိသားစု အသတ်ခံရမှာပါ။စထရိုက်ကာ ပစ္စည်းတွေကို ပို့နိုင်ပါ့မလား၊ မိသားစုကိုရောအချိန်မီ ပြန်လည် ကယ်တင်နိုင်ပါ့မလား....။ File size…1.63GB / 753MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Crime ...
movie

Narco Sub (2021)

Double Kill (2023)
Double Kill (2023)  ဒီလောကကြီးထဲမှာကိုယ်နဲ့ချွတ်စွပ်တူတဲ့ Doppelganger တွေရှိတယ်ဆိုတာကိုသင်ယုံကြည်ပါသလား။ဒီကားကတော့အဲ့ဒီလို Doppelganger တွေနဲ့ပတ်သတ်တဲ့မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူတစ်ယောက်ကရုပ်ချင်းလုံးဝဆင်တူတဲ့အမွှာလည်းမဟုတ်တဲ့ကောင်မလေးနှစ်ယောက်ကို ဖမ်းထားတာကိုတွေ့ရမှာဖြစ်ပြီးသိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပန်းချီဆေးတွေရေးခြယ်ထားပြီး သစ်ပင်မှာကြိုးနဲ့ချည်သတ်ထားတဲ့အကြောင်းသတင်းထဲပါလာပါတော့တယ်။ဒီအမှုကကြီးတဲ့အတွက် FBI ကိုယ်တိုင်အမှုလိုက်ခဲ့ရပါတယ်။ဒါပေမယ့်ဖြစ်ချင်တော့ FBI အေးဂျင့်ရိုးလင်းရဲ့မိန်းမကို အဲ့ဒီလူသတ်သမားကထပ်ဖမ်းသွားပါတော့တယ်။ဒီလိုနဲ့ အေးဂျင့်ရိုးလင်းလည်း အဲ့ဒီအမှုကိုလိုက်ရင်းလိုက်ရင်း တရားခံက ရုပ်ချင်းချွတ်စွပ်တူတဲ့ လူတွေကိုပစ်မှတ်ထားကြောင်းသိခဲ့ရပြီး အဲ့လိုအမှုတွေအများကြီးရှိခဲ့သေးတာကို သိလိုက်ရပါတယ်။အဲ့ဒီအမှုကိုစုံစမ်းရင်းနဲ့မှ တဖြည်းဖြည်းနဲ့အမှုမှန်က ပိုပိုပေါ်လာပြီးတရားခံကိုသိရတဲ့အခါမှာတော့ သူ့မိန်းမကိုအေးဂျင့်ရိုးလင်းတစ်ယောက် အချိန်မှီကယ်တင်နိုင်ပါ့မလားဆိုတာကိုကြည့်ရမယ့်သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.09GB / 769MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Double Kill (2023)