Channel Myanmar

Tomasz Schuchardt

The Messenger(2019) 7.0
The Messenger(2019) The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie

The Messenger(2019)

Delivery by Christmas (2022) 5.4
Delivery by Christmas (2022) Delivery by Christmas (2022) ======================ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့်  ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM
movie

Delivery by Christmas (2022)

2022