Channel Myanmar

Toni Saladna

The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Unstoppable (2010) 6.8
Unstoppable (2010) IMDb Rating(6.8) / Rotten Tomatoes (87%)မင်းသားကြီးဒန်ဇယ်ဝါရှင်တန်ရဲ့ဇာတ်ကားဆိုတော့ ရုပ်တည်ကြီးနဲ့အလေးအနက်ခံစားရမယ့်ဇာတ်ကားဆိုတာ မှန်းမိနေမှာပါ။Chris Pine တို့...Rosario Dawson တို့လဲ ပါသေးတယ်..ဇာတ်လမ်းကတော့...လူမပါဘဲလွတ်ထွက်သွားတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ပြင်းပြင်းရထားကြီးကို ရပ်တန့်အောင် လိုက်လုပ်ရမှာပါ...ပြောတော့တာ လွယ်ပေမယ့် တကယ်ကြည့်လိုက်ရင်ကိုယ်တိုင်ပါ အသက်ရှူရပ်မတန့် ဖြစ်သွားရမယ့် အခိုက်အတန့်တွေအများကြီးပါပဲ...Rating တွေလဲ မြင့်သလို တကယ်လဲမိုက်တဲ့ဇာတ်ကားမို့ လက်လွတ်ခံလို့မဖြစ်ပါဘူး။  File size…(1.7 GB) / (999 MB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:38:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Min Aung(MMA)
movie

Unstoppable (2010)