Channel Myanmar

Toni Weiss

Trapped in the Farmhouse (2023) 5.1
Trapped in the Farmhouse (2023) ဒီဇာတ်ကားက 2023 ခုနှစ်​မှာ​ အသစ်​ထွက်ရှိလာတဲ့ သည်း​ထိတ်​ရင်​ဖို​ Horror/Thriller အမျိုးအစားဇာတ်​ကားပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ရည်းစား​ဖြစ်သူ​ရဲ့​ အနိုင်​ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေး​လာတဲ့​ အမ်မာဆိုတဲ့အမျိုး​သမီးတစ်ဦး​ဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်း​နဲ့တိုးပြီး​ အိမ်​တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်​ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့​ အမ်မာ​တစ်ယောက်​ တဖြည်း​ဖြည်း​နဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်​ချက်​တွေရှိနေတာကိုပါပဲ။မုန်တိုင်း​ကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ​ ပိုမို​ဆိုးရွား​တဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်​ကြို​နေပါတော့တယ်။ ဇာတ်လမ်း​က​ Thriller အမျိုးအစား​ဖြစ်တဲ့​အတွက်​ ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်​နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာ​နေရာမှာ​ The​ Perfect​Wedding​ Match​ ထဲက​ Jenna​ Michno​ က​ သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​တစ်လျှောက်လုံးမှာ​ မိုးတွေရွာပြီး မိုးကြိုး​မုန်​တိုင်း​တွေ၊ လေဆင်​နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက်​ ဒီလို​မိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(745 MB) Quality….Webrip  720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Trapped in the Farmhouse (2023)