Channel Myanmar

Tony Anselmo

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) 6.6
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) Mickey's Magical Christmas: Snowed in at the House of Mouse (2001)ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of ...
movie

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

2001
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

The Great Mouse Detective (1986)
The Great Mouse Detective (1986) IMDb-7.1/10 ~ R.T-76% 1986 တုန်းကထွက်ရှိခဲ့ပြီး ရှားလော့ ဟုမ်းစ်ကို အခြေခံပြီးဖန်တီးထားတဲ့ ကြွက်စုံထောက်ကြီး ဘက်ဆဲလ် ရဲ့ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့ရဲ့နာမည်ကြီး အရုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဖလန်ဘာရှန်ကို လင်းနို့တစ်ကောင်ကပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဖလန်ဘာရှန်ရဲ့သမီးလေး အိုလီဗီယာကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့အဖေကိုလိုက်ရှာဖို့အတွက် ဘေကာလမ်းက စုံထောက်ကြီးဘက်ဆဲလ်ဆီကိုသွားရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒီအချိန်မှာ အာဖဂန်ကနေစစ်မှုထမ်းပြီးပြန်လာပြီး တိုက်ခန်းလိုက်ရှာနေတဲ့ ဒေါက်တာ ဒေါ်ဆင်နဲ့လမ်းမှာတွေ့ပြီး ဒေါက်တာဒေါ်ဆင်က အိုလီဗီယာကို ကူညီပြီးတော့ ဘက်ဆဲလ်ကို လိုက်ရှာပေးခဲ့ပါတယ်။ ဒီလိုနဲ့ အိုလီဗီယာရဲ့အဖေကိုဖမ်းသွားတဲ့ လူက ဘက်ဆဲလ်ရဲ့ ရန်သူတော်ကြီး ပါမောက္ခရက်တင်ဂန်ရဲ့ တပည့်ဖြစ်တဲ့ လင်းနို့ ဖစ်ဂျက်ဒ်ဖြစ်နေတဲ့အခါမှာ ပါမောက္ခ ရက်တင်ဂန် ကဘယ်လိုအကြံဆိုးမျိုးကိုကြံစည်နေတာလဲ၊ စုံထောက်ကြီး ဘက်ဆဲလ်နဲ့ ဒေါက်ဆာ ဒေါ်ဆင်တို့ကရော တားဆီးနိုင်မလားဆိုတာကို ငယ်ဘဝရဲ့အမှတ်တရအပြည့်နဲ့ ပြန်လည်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / ...
movie

The Great Mouse Detective (1986)

Mickey, Donald, Goofy: The Three Musketeers(2004) 6.7
Mickey, Donald, Goofy: The Three Musketeers(2004) Mickey, Donald, Goofy: The Three Musketeers(2004)*************************************************မစ်ကီ၊ဒေါ်နယ်၊ဂူဖီတို့ဆိုတာ ဖုန်းတွေ၊ဂိမ်းတွေမပေါ်ခင်က ကျွန်တော်တို့ရဲ့ ငယ်ဘဝမိတ်ဆွေလေးတွေပါပဲ။ မှတ်မိပါသေးတယ် ငယ်ငယ်ကဆိုရင် အပတ်စဥ်ထုတ်ဝေတဲ့ကာတွန်းစာစောင်ရုပ်ပြတွေမှာ သူတို့အကြောင်းလိုက်ဖတ်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ ဒီရုပ်ရှင်လေးကတော့ နာမည်ကြီး The Three Musketeersကိုမှ မစ်ကီတို့သုံးယောက်ရဲ့versionလေးဖြစ်ပြီး စွန့်စားခန်းတွေကို ပျော်ပျော်ရွှင်ရွှင်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ မစ်ကီ၊ဒေါ်နယ်နဲ့ ဂူဖီတို့ဟာ ငယ်ငယ်လေးကတည်းကစစ်သည်တော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့အိပ်မက်အမှန်တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ မစ်ကီတို့သုံးယောက်အပြင် မီနီ၊ ဒေစီ၊ နွားမလေးကလာရာဘလ်၊ ပီဒ်၊ ပလူတိုစသည်ဖြင့် လူစုံတက်စုံပါဝင်ပါပြီး အများကြီးညွှန်းစရာမလိုတဲ့ကားလေးမို့ ငယ်ဘဝကိုပြန်တမ်းတရင်းကြည့်ရှုလိုက်ပါဦး။ File Size :(1.4GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:07:00 Genre : Animation, Comedy , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Mickey, Donald, Goofy: The Three Musketeers(2004)

The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)