Channel Myanmar

Tony Cook

Dune: Part Two (2024) 8.8
Dune: Part Two (2024)  Dune: Part Two (2024) ထွက်ရှိလာပါပြီ...အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်... သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendarysoundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့Spiceဆိုတဲ့အရာ​ကြောင့် ...
movie

Dune: Part Two (2024)

4K HEVC
Malice in Wonderland (2009) 5.8
Malice in Wonderland (2009) ဒီဇာတ်ကားက 1865တုန်းကထွက်ခဲ့တဲ့ Alicec's Adventures in Wonderland novel ကို အကြမ်းဖျင်းမှီငြမ်းပြီးရိုက်ကူးထားတဲ့ fantasy ကားတစ်ကားပါ။ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Maggie Graceဟာ လန်ဒန်မြို့အလယ်မှာ တက္ကစီတစ်စီးတိုက်တာခံလိုက်ရပြီး သူ့မှတ်ဉာဏ်တွေ‌ဆုံးရှုံးလိုက်ရပြီး ပြန်နိုးလာတဲ့အခါမှာတော့ တခြားကမ္ဘာတစ်ခုလိုနေရာကိုရောက်နေတာသိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ တက္ကစီသမားရဲ့အကူအညီနဲ့ အိမ်ပြန်ဖို့ကြိုးစားတဲ့အခါမှာတော့ ခရီးတစ်လျှောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုထူးဆန်းတဲ့အရာတွေက သူ့ကိုစောင့်ကြိုနေမလဲ၊ တက္ကစီနဲ့အတိုက်ခံရပြီး မှတ်ဉာဏ်တွေမဆုံးရှုံးခင်ကရော သူကမဘယ်သူလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး။File size…(1.7 GB)/(900 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Malice in Wonderland (2009)

Eastern Promises (2007) 7.6
Eastern Promises (2007) Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie

Eastern Promises (2007)

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1