Channel Myanmar

Tony Mirrcandani

Gadar: Ek Prem Katha (2001) 7.3
Gadar: Ek Prem Katha (2001) Gadar: Ek Prem Katha (2001)IMDb-7.3/10ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါဇာတ်လမ်းအညွှန်း1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ်ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာ‌တို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ...ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ...
movie

Gadar: Ek Prem Katha (2001)

2001
4K HEVC
Four Samosas (2022)
Four Samosas (2022) ဗင်နီ၊ ဇက်ခ်၊ အန်ဂျလီ၊ ပါရူဆိုတဲ့ စမူဆာ လေးခု ရှိပါတယ်။ဗင်နီဆိုတဲ့ စမူဆာကတော့ ကိုယ့်နယ်မြို့လေးက အထည်ဆိုင်တစ်ခုမှာ အရောင်း၀န်ထမ်းလုပ်နေတဲ့ လူငယ်လေးတစ်ယောက်။ ဘ၀ပေးအရသာ အရောင်း၀န်ထမ်း လုပ်နေရပေမဲ့ ရက်ပ်ပါ တစ်ယောက်ဖြစ်ဖို့ ၀ါသနာ ပါတဲ့သူ။ပြတ်သွားတဲ့ ရည်းစားဟောင်းမလေး ရီနာကိုလဲ မမေ့နိုင်သေးဘဲ ခဏခဏ တမ်းတလေ့ရှိတယ်။တစ်နေ့မှာတော့ ရီနာတစ်ယောက် သူနဲ့ နှပ်ချေးတွဲလောင်းဘ၀ကတည်းက ပြိုင်ဖက်ဖြစ်တဲ့ ဆန်ဂျေး ဆိုတဲ့ ငနဲ နဲ့ စေ့စပ်လိုက်ပြီဆိုတာ သိလိုက်ရတော့ ဗင်နီ သောကမီးတွေ ဝေသွားတယ်။ဒီတော့ ဗင်နီတစ်ယောက် ရီနာလေးကို ပြန်အရယူဖို့အတွက် သူ့ရဲ့ မဟာအကြံအစည်ကြီးကို အကောင်အထည်‌ဖော်ဖို့ ကြံပါတော့တယ်။ အဲဒါကတော့ ရီနာအဖေ ပိုင်တဲ့ စတိုးဆိုင်ကြီးကို ဖောက်ထွင်းပြီး သူ့ရဲ့ စိန်တွေကို ခိုး...အဲဒီလိုနည်းနဲ့ ရီနာရဲ့ လက်ထပ်ပွဲကို ဖျက်ဖို့ပါ။ဒါပေမဲ့ ဗင်နီတစ်ယောက်တည်း အားနဲ့ မဖြစ်နိုင်တာမို့ ဗင်နီရဲ့ သူငယ်ချင်း သရုပ်ဆောင်ရူး ဇက်ခ်၊ သတင်းထောက်မလေး အန်ဂျလီ၊ အလုပ်လက်မဲ့ အင်ဂျင်နီယာ ပါရူ တို့ရဲ့ အကူအညီယူပြီး ဖောက်ထွင်ရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။ဒီလိုနဲ့ ...
movie

Four Samosas (2022)

Ender’s Game (2013) 6.6
Ender’s Game (2013) Ender's Game (2013) IMDb - 6.6/10_____Rotten - 62%  Ender's Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff ...
movie

Ender’s Game (2013)

2013