Channel Myanmar

Tony Montalbano

Original Gangster (2020) 5.5
Original Gangster (2020)  ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကိုမြင်တွေ့ရမယ့် crime movieလေးပါ...။မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်...။သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီးသူ့အသက်ကိုကယ်ခဲ့လို့ပါ...၊မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်းမကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်...။ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ်ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်...ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာတစ်ယောက်ဘယ်လိုရှင်သန်မလဲ...ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာမြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ...။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Original Gangster (2020)

Judge Dredd (1995)
Judge Dredd (1995) မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း ...
movie

Judge Dredd (1995)

I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013