Channel Myanmar

Tony Richardson

Frankenstein: Legacy (2024)
Frankenstein: Legacy (2024) မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား... သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။File size…(1 GB)/(452 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Frankenstein: Legacy (2024)

The Silent Twins (2022) 5.9
The Silent Twins (2022) The Silent TwinsBlack Panther ထဲ shuri အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Letitia Wrightရဲ့ကားပါ။ နာမည်အတိုင်း စကားမပြောတဲ့ အမွှာနှစ်ယောက်အကြောင်း ရုပ်ရှင်ပါပဲ။သူတို့ဟာအပြင်မှာ တကယ်လည်းရှိခဲ့သလို ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ရပ်တွေကလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကလေးဘဝက ဘူလီအလုပ်ခံရရာကနေ စိတ်ဒဏ်ရာရပြီး သူတို့အချင်းချင်းကလွဲ ဘယ်သူ့ကိုမှစကားမပြောတော့တဲ့ အမွှာ၂ယောက်ရဲ့ ဒုက္ခသုက္ခ လူတောမတိုးခြင်းတွေနဲ့ သူတို့စိတ်ရောဂါပိုဆိုးလာတဲ့အဆင့်အဆင့်တွေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေပါပဲ။ စိတ်ရောဂါရှိနေပေမဲ့ တော်ကြတဲ့သူတွေဖြစ်ပြီး စာအုပ်တွေပါရေးသားခဲ့ပါသေးတယ်။ သို့ပေမဲ့ ကံအကြောင်းမလှတော့ ဆေးတွေ ရာဇဝတ်မှုတွေနဲ့ လမ်းမှားလိုက်မိပြီး ဆေးရုံမှာ အကျဉ်းချခံခဲ့ရတဲ့ တော်တော်သနားဖို့ကောင်းတဲ့ စိတ်ဝေဒနာရှင် လူမည်းညီအစ်မရဲ့ ဖြစ်ရပ်မှန်ကို ကျောရိုးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:53:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by ...
movie

The Silent Twins (2022)